part-16(ခင္ဗ်ားမမွီပါဘူး)part-16(ခင်ဗျားမမှီပါဘူး)

4.5K 397 34
                                    

အဆူခံရမယ် အငြိုငြင်ခံရမယ်လို့တွေးမိပြီး ရင်ဘတ်တစ်နေရာကအောင့်လာသော်လည်း..

သူ့ကိုဆွဲသွင်းလိုက်တဲ့ရင်ခွင်ကျယ်ကြီးကတော့တကယ်နေလို့ကောင်းတဲ့နေရာတစ်ခု....

အရမ်းချစ်တယ်ဆိုတဲ့ အသံလေးကြားလိုက်ရကတည်းက သူ့ရောဂါတစ်ဝက်လောက်ကသက်သာသွားသလိုပင် ရင်ဘတ်လဲမအောင့်တော့သလို..
တင်းထားသမျှကိုလဲ လျှော့ချပစ်လိုက်ရသလိုမျိုး

ဒီလူကြီးရဲ့ရင်ခွင်ထဲမှာ အကြာကြီးငိုနေမိသည်...

Yi: ချစ်တယ် အရမ်းချစ်တယ် ခင်ဗျားချစ်တာထက်အများကြီး

Xz: ge ကြိုးစားတာတွေအရာထင်တော့မှာမလို့ ge ရဲ့ခလေးလေး ခနတောင့်ခံပေး

ဘာတွေကြိုးစားနေတာလဲတော့မသိပေမယ့် နှစ်ယောက်လုံးအတွက်တစ်ခုခုလုပ်နေတာဆိုတာကိုတော့သဘောပေါက်မိသည်

Xz: ပြောပါဦးဘာလို့ငိုတာလဲ အဆိုးဆာလေးရဲ့

Yi:  ဟင့်အင်း

ခေါင်းကိုသာတွင်တွင်ရမ်းနေတဲ့ခလေးကို သူအတင်းကြပ်မမေးတော့
ဒီခလေးဘာဖြစ်နေလဲသူ့ဘာသာစုံစမ်းမယ်

Xz:  ပြန်ရအောင် ge  လိုက်ပို့ပေးမယ်

Yi: ge ကိုပဲဖက်ထားချင်တယ် ကျနော်ပင်ပန်းနေပီ

Xz: အိုကေဗျား ဒါဆို ge အိမ်ပဲသွားလိုက်တော့မလား

Yi: အင်း

Xz: ချစ်ဖို့ကောင်းတယ် အားယိုး ငါတို့မောင်ကြိုးစားလေး အရမ်းပင်ပန်းနေပီ

သူ့လက်ကိုတွဲရင်း ရယ်စရာတွေပြောနေတဲ့ ge ကအရမ်းကြည့်လို့ကောင်းသည်..

ကားကိုပဲအာရုံစိုက်မောင်းနေတာလဲကြည့်ကောင်းနေတာပဲ

မီးပွိုင့်မိတိုင်းသု့လက်ကိုယူယူနမ်းတာလဲ ကြည့်လို့ကောင်းနေတာပဲ

သူရှက်သွားတာကိုရီပီး ကြည့်နေတော့လဲ ရူးလောက်အောင်ချောနေတာပဲ

Aww Xiao ge ge  ခင်ဗျားကလေ ရူးပီးသားလူကို ရူးအောင်လုပ်ချက်ပဲ

Xz:  ဘာလို့အက်လောက်ကြည့်နေတာလဲ မတွေ့ဖူးတဲ့လူလို

WORDS🍀💚(complete)Where stories live. Discover now