2.4K 232 14
နေမင်းကမထွက်သေးဘူးသူကနိုးနေပြီ
သူ့မျက်လုံးတွေဟာ ကျိန်စာမိထားသလားထင်ရအောင် ညဆိုတော်တော်နဲ့မအိပ်ပေမယ့် မနက်ဆိုနေမင်းထက်တောင်ဝီရိယရှိပါတယ်....
ဘေးက လူသားဟာ အနွေးထည်ဝတ်ထားတာတောင် စောင်ပုံထဲမှာခပ်ကွေးကွေးလေး...
သူနည်းနည်းလှုပ်တာနဲ့ထိုလက်ကလေးတွေဟာဟိုစမ်းဒီစမ်းနဲ့သခင်ကိုရှာနေတဲ့ခွေးပေါက်လေးလိုပါပဲ
အိပ်ယာထဲကထထချင်း နဖူးကိုနမ်းလိုက်မှ ပြုံးယောင်သမ်းသွားတဲ့နှုတ်ခမ်းတစ်စုံဟာလှပလွန်းတယ်
မျှော်လင့်ချက်တွေအနာဂတ်တွေကိုစိတိမဝင်စားတဲ့လူဟာ အပြုံးတစ်ခုကိုတော့မြတ်နိုးပါတယ်ဆိုပဲ ge ရဲ့
အိပ်နေတဲ့လူကိုစောင်အသာယာလေးခြုံပေးလိုက်ပြီးမှထွက်လာခဲ့တယ်....
နေမထွက်သေးတော့နှင်းတွေပိုထူနေလိုက်တာ ခြံထဲကသစ်ပင်ကြီးတွေကိုတောင်သေချာမမြင်ရပါလား
နှင်းထူထူတွေကိုငေးရင်း သူဟာ ၅နှစ်အရွယ်ဘဝကိုပြန်ရောက်သွားသလိုခံစားရတယ်
လူတစ်စုဟာ မနက်စောစောနှင်းထူထူတွေကြားမှာအလုပ်ရှုပ်နေကြတာပေါ့
ငိုသည်းသံတွေ ပြတ်ရှသံတွေနဲ့ ....
"မလုပ်ပါနဲ့ကျွန်မတို့ကိုချမ်းသာပေးပါရှင်...တဲ့'
ဂေဟာမှူးရဲ့တုန်တုန်ရီရီ တောင်းပန်သံဟာ ဂျာမန်သံခပ်ဝဲဝဲရယ်....
သူမဘေးမှာတော့ ခြံစောင့်...
ခြံစောင့်ဦးလေးကြီးဟာ ရင်ဘတ်ဟောင်းလောင်းနဲ့ငြိမ်သက်နေရှာပြီ....
လူစုထဲကတစ်ယောက်ဟာ ဂေဟာမှူးရဲ့ဆံပင်ကိုစုကိုင်ပြီးလည်ပင်းထက်ကိုဓားရောက်သွားပြီးနောက်မှာတော့....
သူတို့ဂေဟာကကလေးတွေဟာ ကျယ်လောင်စွာအော်ကြပါတော့တယ်
သူပဲ....သူတစ်ယောက်ပဲ....ကြက်သေသေကာမတ်တပ်ရပ်နေမိတယ် ...
အသက်မနည်းကြီးနေတဲ့အစ်ကိုအစ်မတစ်ချို့ထွက်ပြေးကြပေမယ့် သေနတ်သံအဆုံးမှာငြိမ်သွားကြတဲ့လူတွေချည်းပါပဲ.....
အနီရောင်သွေးတွေ...အများကြီးပဲ
တစ်ချို့ကိုဖမ်းခေါ်သွားတာတရွတ်တိုက်..
တစ်ချို့ကိုတော့နေရာတင် လက်စသတ်လိုက်ကြတာ
သူပဲကျန်တော့တယ် ကြောက်လွန်းလို့သူအသံပါမထွက်တော့ဘူး..
လက်ကြမ်းကြမ်းကြီးတစ်စုံသူ့ဆီအလှမ်းမှာ
WORDS🍀💚(complete)Where stories live. Discover now