part- 12(က်ေနာ္ကပိုခ်စ္တာ)part- 12(ကျနော်ကပိုချစ်တာ)

4.3K 359 3
                                    

ချစ်သူတွေဖြစ်တဲ့အထိမ်းမှတ်အနေနဲ့ ဆိုင်ကြီးကြီးတစ်ဆိုင်မှာလဲ မထိုင်ဖြစ်သလို ဈေးကြီးတဲ့လက်ဆောင်တွေလဲမဝယ်ဖြစ်
Romantic ဖြစ်တဲ့ coffee ဆိုင်တစ်ဆိုင်မှာလဲမထိုင်ဖြစ်ပဲ...

Ge ရဲ့လသာဆောင်လေးမှာ ၂ယောက်ထဲပူးပူးကပ်ကပ်နေဖြစ်တယ်
သူသဘောကျရတဲ့ geရဲ့ခါးသိမ်သိမ်လေးကိုဖက်ရင်း
Ge ရဲ့လည်ဂုတ်ကလေးကိုနမ်းရင်း......

Ge ကိုဘာလို့ချစ်တာလဲလို့မေးလာတဲ့အခါမှာ ge မလို့ရယ်လို့ပဲဖြေမိပေမယ့်

Ge ကတော့.. သူ့ဘဝမှာအပြည့်စုံဆုံးလူတစ်ယောက်မလို့လို့ ဖွဖွလေးပြောပီး သူ့ခေါင်းလေးကိုငုံ့နမ်းလေ့ရှိတယ်

ရှေ့အနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုဂရုမစိုက်ပဲ geတစ်ယောက်ကိုပဲရူးသွပ်မယ်

တကယ်လို့ဝေးခဲ့ရရင်တောင် တခမ်းတနားနဲ့လွမ်းနေမှာမလို့် အမှတ်တရကောင်းလေးတွေ ဖန်တီးပေးပါ ge.....

ခုမှပိုင်ဆိုင်ရပေမယ့် လက်မလွှတ်တော့ဘူး လို့် ge ကလေးလေးနက်နက်ပြောနေပေမယ့်

ကျနော်ကတော့ ge အတွက်ကောင်းမယ်ဆို သိက္ခာတွေမာနတွေအပြင် အသည်းနှလုံးရောချနင်းခံရလဲဖြစ်ပါတယ်

အက်လောက်ထိကို ge ကိုမြတ်နိုးတာပါ

Ge ကိုချစ်တယ်ဆိုတာကလွဲရင်ဘာမှမပြောတတ်ပေမယ့် ge အတွက်ဆို ဘာပဲဖြစ်ဖြစ်လုပ်မိမှာပဲ

ကျနော့်ဘဝရဲ့ အလေးထားရဆုံးတေဆုံးရှူံးပီးတဲ့နောက်မှာ အဒေါ်မိသားစုပီးရင် ge ကအတွယ်တာရဆုံးမလို့...

......
......
......
.......

အဖြေပေးပီးထဲက ge ကိုချစ်တယ်ဆိုတာကိုပဲတဖွဖွရွတ်နေတဲ့ကောင်လေးက သူ့ကိုဖက်ရင်း ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးအိပ်နေတယ်...

ဘာတွေအတွေးများနေလဲ ခလေးငယ်...
အမြဲတည်ပီးအေးစက်စက်နိုင်တဲ့ကောင်ငယ်လေးကသုကိုဒီလောက်ထိချစ်နေလိမ့်မယ်လို့ မတွေးမိခဲ့ဘူး...

ပျောက်သွားမှာစိုးတဲ့ပုံနဲ့ တင်းတင်းကြပ်ကြပ်ဖက်မထားနဲ့ သည်းငယ်

မင်းထင်ထားတာထက် မင်းကိုအရမ်းချစ်တယ်

၁၀နှစ်လုံးလုံး ကိုယ့်မာမင်းလောက်ကိုယ့်အတွက်ပြည့်စုံတဲ့လူဆိုတာမရှိဘူး ရှိလာခဲ့ရင်လဲလက်မခံတော့ဘူး မင်းကိုရွေးချယ်ပီးထဲကတစ်သက်လုံးအတွက်ပဲ

WORDS🍀💚(complete)Where stories live. Discover now