Part-34(အနားမှာ)(အနားမှာ)

2.4K 217 13
                                    

ကောင်လေးထပ်ငိုတယ်

တဖြည်းဖြည်းနဲ့နာလန်ပြန်ထူလာတဲ့ကောင်လေးက မိဘမဲ့ကျောင်းမှာတောင်စာသင်နိုင်နေပြီ သူက အရင်က tutor တစ်ယောက်ဖြစ်ခဲ့တယ်လို့ငါ့ကိုပြောဖူးတယ် ပြီးတော့သူကလူတစ်ယောက်အကြောင်းလဲ နေ့တိုင်းပြောတယ် ..

Xiao Zhan ဆိုတဲ့လူ......

သူ့အတွက်ကတော့ တစ်ဦးတည်းသောတွယ်တာစရာလူသားလို့လဲဆိုတယ်
အက်ဒီလူဟာ စိတ်သဘောအရမ်းနူးညံ့ပေမယ့် ပေါ့ပျက်ပျက်ပုံစံလဲအရမ်းဖမ်းတတ်သလိုမျိုး တစ်ခါတစ်လေမှာတော့ တုံးအလွန်းတယ်လို့ပြောတယ်
လူတိုင်းအပေါ်မှာဖော်ရွေတတ်ပေမယ့် သူ့အပေါ်မှာတော့ ခလေးတစ်ယောက်လိုမျိုးပြိုလဲပြတတ်သလို ဒေါသလဲထွက်ပြဖူးတယ် သူ့အတွက်ဆိုပြီး အက်ဒီလူဟာ တော်တော်များများ စုဆောင်းထားတတ်သလို သု့အတွက်နဲ့ သဘောကျရတဲ့အလုပ်ကိုလဲ တုံ့ဆိုင်းမှုမရှိထွက်ခဲ့တာတောင် သူ့အတွက်ပါလို့ ဖွင့်ဟမပြောလာခဲ့ဘူးတဲ့...ဒီစကားတွေပြောနေတဲ့အချိန်မှာကောင်လေးရဲ့မျက်နှာကပြုံးလို့နေတယ်
ဘာလို့အက်ဒီလူကမင်းနဲ့အတူရှိမနေတာလဲ လို့မေးလိုက်မိတော့ အက်ဒီနေ့ကကောင်လေးထပ်ငိုတယ်...

__________________________________

ကောင်လေးကထူးဆန်းတယ်

နေ့တိုင်းလမ်းလျှောက်တဲ့အချိန်ဆိုလမ်းဘေးမှာပေါက်နေတဲ့ပန်းကလေးတွေကို လက်နဲ့ကစားတတ်တာမို့ ခူးပေးမိတဲ့အခါမှာ  ကောင်လေးကဆူတယ်

မင်းကြိုက်မယ်ထင်လို့လို့ စာရေးပြမိတော့
ကြိုက်တယ် ဆိုတိုင်းခူးခြွေပစ်ရမလားတဲ့လေ ဒီတိုင်းအပင်မှာလှနိုင်သလောက်လှပါစေတဲ့

ကောင်လေးကထူးဆန်းတယ်

__________________________________

ကောင်လေးကဟန်ဆောင်ကောင်း

စိတ်ရောဂါနဲ့ပတ်သတ်လို့ငါအများကြီးမသိပေမယ့် လေကောင်းလေသန့်ရတဲ့နေရာမှာစိတ်ပူပန်မှုကင်းကင်းနဲ့နေထိုင်ခွင့်ရရင် အထိုက်အလျောက်တော့သက်သာမှာလို့တွေးမိတယ်
ကောင်လေးက  သူကအရူးလို့ပြောပြတဲ့နေ့ကပေါ့
ဘာမဟုတ်တဲ့ကိစ္စလေးတွေမှာတောင် သူကအရမ်းထိရှလွယ်ခဲ့ပြီး ကိုယ့်ကိုကိုမချစ်နိုင်တော့လောက်တဲ့အထိလူတစ်ယောက်ကိုချစ်နေခဲ့တယ်လို့စကြားခါစကကောင်လေးကိုငါ တအံ့တသြငေးမိတယ်

WORDS🍀💚(complete)Where stories live. Discover now