part -5 (မရေမရာ)

4.6K 508 8
                                    

မနက်အစောကြီးနိုးနေကျပေမယ့် ဒီနေ့ကအရင်နေ့တေကထက် ပိုပီးစောနိုးနေတယ်
ကျောင်းက စာမေးပွဲခန်းစောင့်တဲ့နေ့တွေ အစားထိုးစာဝင်သင်ရတဲ့အချိန်လောက်ပဲ သွားရတာမို့ သူ့အတွက်ကအဆင်ပြေနေတာ...

၆နာရီမှာ အိမ်ကနေထွက်ခဲ့တာမနက်စာတောင်မစားခဲ့ရဘူး
စောတာပဲကြိုက်ပီးနောက်ကျတာကိုမကြိုက်တဲ့သူက အစောကြီးသွားဖို့ပဲဆုံးဖြတ်လိုက်တယ်...

6ခွဲမှာအိမ်ရှေ့ကိုရောက်နေပေမယ့် အိမ်ထဲဝင်ဖို့ရာ စောနေသေးတာကြောင့်ခြံရှေ့မာပဲမတ်တပ်ရပ်နေမိသည်.

Wang yibo မင်းဝီရိယကြီးကရှက်စရာကြီး

ကို့ကိုယ်ကိုကဲ့ရဲ့လိုက်ပီး ရီချင်သွား၍ခေါင်းငုံ့ရီနေစဉ် ကားတစ်စီး လာရပ်၏။

ကြောင်ရပ်နေတုန်း ကားပေါ်က ကျော့ကျော့လေးဆင်းလာတဲ့ ခပ်ချောချောကောင်မလေးတစ်ယောက်...

ခြံရှေ့မာမှန်ထုတ်ပီး သုကိုယ်သူလဲအလှနဲနဲပြင်လိုက်သေးသည်
ပီးမှ သူဘက်ကိုလှည့်ကာ

" Excuse me! Bell လေးတီးပေးစမ်းပါ"

ယောင်နနနဲ့ bell တီးလိုက်တော့ အိမ်ထဲက ဘသူလဲ လို့မေးသံကြားရခါမှ တံခါးbellတီးတဲ့သုကိုတွန်းကာ တံခါးကကင်မရာနားကို မျက်နှာကပ်ပီး

"ကိုကိုး အိုက်ယာ ပါ ဟီး တံခါးလာဖွင့်ပေးပါအုမ်း"

ခုနကလိုချေချေမိုးမိုးပုံစံမဟုတ်ပဲ ချစ်စရာ ခလေးငယ်ကလေးသဖွယ် သူမမို့လို့လုပ်တတ်တယ်
အင်းချစ်စရာကောင်းတာတော့ဝန်ခံရမည်..

တံခါးဖွင့်သံအဆုံးမှာ မိုးပြာရောင် T-shirtလေးနဲ့နုရွနေပါသော ကျနော့်ကမ္ဘာကြီး...

လက်ပြဖို့ပြင်လိုက်ပေမယ့်

လှစ်ခနဲ xiaozhan ပေါ်ကိုခုန်တက်တာ

"ယာယာ ဗိုက်ဆာလို့ "ဆိုပီး ချွဲနွဲ့လာတဲ့ကောင်မလေးကို သူကလဲ အလိုက်သင့်ပြန်ချီရင်း ခေါင်းလေးကိုပုတ်ကာ

"ကောင်မဆိုးလေး"ဆိုပီးအထဲပြန်ဝင်သွားသည်..

ကျနော့်ကိုရော......

ကျနော့်ကိုတကယ်မမြင်တာလား????

ဘာမှန်းမသိတဲ့ခံစားချက်ကြီးက ရင်ထဲဆစ်ခနဲ

WORDS🍀💚(complete)Where stories live. Discover now