' ငါထင်တာကတော့ ပြန်မယ့်ပြန်
မင်းသူငယ်ချင်း ပြန်သင့်တာထင်တယ်
ငါက မင်းယောကျ်ားလေ ´

ခပ်စိမ်းစိမ်း စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံသည်
အနည်းငယ် လှုပ်ခတ်သွားဟန် ပေါ်သော်လည်း ချက်ချင်းပင်
မျက်ခုံးတွေက ပို၍ စုကြုံ့လာသည်ကို Chanyeol
မြင်လိုက်ရသည် ။

သူဒီကောင်လေးကို တစ်ခုခုစိတ်ဆိုးစရာများ လုပ်မိသေးလို့လား ။
ခု အကောင်းဆုံးကြိုးစားပြီး ဆက်ဆံပေးနေတာကို ဘာကများ
ထပ်ပြီး မကျေနပ်စရာ ရိှနေသေးလို့တုန်း ။

ဘာစကားမှ မပြောထွက်ကြပဲ တစ်ယောက်ကိုတစ်ယောက်သာ
စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေကြသော အတွဲကြား
အနေခက်လာရတာက Jong in သာ ဖြစ်တာကြောင့်
ချောင်း  အသာဟန့်ရင်း ကုတင်ပေါ်က ဆင်းလိုက်၏ ။

' Hyung လည်း ထမင်းမစားရသေးဘူးမလား
အိမ်မပြန်ရင်တောင် ကျွန်တော်နဲ့အတူ ညစာစားဖို့
ခဏထွက်ရအောင် ´

' အွန်း ... ငါလိုက်လာခဲ့မယ် ´

သဘောက ခဏရှောင်ပေးဖို့ ပြောကြောင်း
သက်ရောက်နေတာမို့  Jong In 2 ယောက်လုံးကို
တစ်လှည့်စီ  အကဲခတ်သလို ကြည့်ပြီးနောက်
လည်ပင်းကိုပွတ်ကာ ချောင်းကိုဟန့်ကာဖြင့်
အခန်းထဲမှ အရင်ထွက်သွားလေတော့သည် ။

အခန်းထဲမှာ တစ်ယောက်မှ မရိှတော့မှ
Chanyeol ပါးစပ်တွင်းမှ လေတွေကို
ဟူးခနဲ တစ်ချက်မှုတ်ထုတ်လိုက်ပြီး အလိုမကျသလို
မှုန်ကုပ်နေသော ကောင်လေးဆီ လျှောက်သွား၍
နှဖူးကို လက်ညိုးနှင့် အသာတိုးပစ်လိုက်၏ ။

' အာ့ ... ခင်များ ´

' အေး   ​ဘာလဲပြော ။
ငါ့ကို ဘာကြောင့်များ ဒီလောက် အမြင်မကြည်ဖြစ်နေတာလဲ ´

ဘာအဖြေစကားမှ ပြန်မရပေ ။ မျက်ခုံးကိုသာ
ဆက်ကြုံ့၍ ကြည့်နေသည် ။ 

တကယ့် ငဂျစ် Pro Max ပင် ဖြစ်၏။
ဒီဟာလေးကို သူဘယ်လိုလုပ်ပစ်ရင် ကောင်းမလဲ ။

Chanyeol အကြံအိုက်စွာ ဘောင်းဘီအိတ်ထဲ
လက် 2 ဖက် နှိုက်ထားပြီး Baekhyun ကို
စိတ်မော လူမော  ပုံမျိုးနှင့် စိုက်ကြည့်နေ၏ ။

Marriage   And   Love  ( Completed ) Where stories live. Discover now