ရိပေါ် အခန်းထဲရောက်ပြီးများမကြာမီအချိန်အတွင်းမှာပဲ ရှောင်းကျန့်သတိရလာသည်။

"ရိပေါ်"

"ကော"

ရှောင်းကျန့် ရိပေါ်လက်ကိုဆုပ်ကိုင်ပြီး အားပြုကာထထိုင်လိုက်သည်။

"ရိပေါ်"

"ကော သက်သာရဲ့လား
ခေါင်းမူးနေတာမျိုးတွေဖြစ်လား"

ရှောင်းကျန့် ခေါင်းခါသည်။
မျက်လုံးများက ရိပေါ်ကိုရင်မဆိုင်ရဲစွာမျက်လွှာချထားသည်။
နှစ်ယောက်လုံး မည်သည့်စကားကိုမှမဆိုပဲခဏကြာသည်အထိတိတ်ဆိတ်နေကြသည်။

"ရိပေါ်"

ရှောင်းကျန့် ခေါင်းကိုဖြည်းညင်းစွာမော့ပြီး ရိပေါ်ကိုခေါ်လာသည်။

"ဟုတ် ကော"

"မင်း ငါ့အတွက်သေရဲလား"

"..."

ရုတ်တရက်မို့ရိပေါ်ဘာမှပြန်မဖြေနိုင်ဘဲ ရှောင်းကျန့်ကိုကြောင်အစွာကြည့်နေမိသည်။

"ငါတို့အတူတူသေကြရအောင်"

"ကော"

ရှောင်းကျန့် မျက်ဝန်းများကအသေအချာကိုဆုံးဖြတ်ပြီးသားပုံပေါ်နေသည်။
ရိပေါ် ရှောင်းကျန့်လက်နှစ်ဖက်လုံးကို ကမန်းကတန်းဆုပ်ကိုင်ပြီး ခေါင်းခါလိုက်သည်။

"ကော ဘာတွေေေးနေတာလဲ
ဒီလိုအတွေးမျိုးလုံးဝတွေးလို့မဖြစ်ဘူး
မိုးပြိုရင်တောင်ထွက်ပေါက်ရှိတယ်တဲ့
ကျွန်တော်တို့အတွက်လည်း အခွင့်အရေးတစ်ခုခုတော့ရောက်လာမှာပါ
အဲ့တာကြောင့် ကောဒီလိုမျိုးစိတ်ဓာတ်ကျသွားလို့မရဘူး
ကျွန်တော်သေရင်တောင် ကောကကျန်းကျန်းမာမာနဲ့ရှင်သန်နေရမယ်
ကျွန်တော်ပြောတာနားလည်လား
နောက်ထပ် ဒီလိုအတွေးမျိုးလုံးဝမတွေးမိစေနဲ့"

ရိပေါ် ရှောင်းကျန့်လက်လေးတွေကိုပွတ်သပ်ရင်း ဆက်ပြောသည်။

"ကျွန်တော် မြို့တစ်မြို့ကိုသွားရမယ်
သုံးလလောက်ကြာလိမ့်မယ်ထင်တယ်
ကျွန်တော်ဆေးပညာတွေ ထပ်လေ့လာချင်လို့
ပြီးတော့ သက်သေအတွက်လည်းနည်းနည်းထပ်စုံစမ်းချင်လို့
အဲ့အတောအတွင်းကောက ကျန်းကျန်းမာမာနေပေးနော်
အဲ့တာမှ ကျွန်တော်ပြန်လာတဲ့အချိန်သက်သေရလာရင် လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အတူတူကြိုးစားလို့ရမှာ"

Heaven or Hell(COMPLETED)Donde viven las historias. Descúbrelo ahora