ကိစ္စရှိရင်ရှိသလို သွားဖြစ်ခဲ့သည့် တပ်ရင်းမှူးအိမ်ဟာ ယောက္ခမလောင်းအိမ်ဖြစ်လာမယ်မှ မထင်ခဲ့ပဲ။

မျက်နှာပူသလို၊ စိတ်မလုံသလိုနှင့် အနေရခက်သည့်အပြင် အကြောင်းကိစ္စကလည်း အထွေအထူးမရှိသည်မို့ မရောက်ဖြစ်ခဲ့ပေမယ့် တကယ်ပဲ လွမ်းနေခဲ့တာ။

ကိုယ်ကအလုပ်ထဲ စိတ်နှစ်နေပေမယ့် ကိုယ့်ကိုပဲ ဆိုးစရာရှိသည့် ချစ်သူလေးခမျာ ဘယ်လောက်လွမ်းနေရှာမလဲ။

"ကိုကို...ဟိုမှာ ဘာငှက်လေးလဲ...."

"ဘာငှက်မှ....အမ်...."

မျက်လုံးလေးပြူးကာ လက်ညှိုးညွှန်ရာဘက် လှည့်အကြည့် ဘယ်ဘက်ပါးထက်မှာ နွေးခနဲ။
ကြောင်အမ်းကြည့်မိတော့ သွားစေ့ကာ တဟိဟိရယ်ပြီး လူချင်းခွာရန် ပြင်နေသည့် စွာတေး။

နှုတ်ခမ်းတွန့်ရုံပြုံးကာ ခါးကနေ ဖျတ်ခနဲ
ဆွဲဖက်ပြီး နဖူးချင်းထိတိုက်ရင်း နှာသီးဖျားလေးကို ဖွဖွကိုက်မိတော့ မှဲ့နက်လေးဆီ ရှပ်ပြေးလာသည့် နှုတ်ခမ်းထူထူလေးတွေ။

နူးညံ့လိုက်တာ....နွေးလိုက်တာ....

တစ်သားတည်း ပေါင်းစည်းမိသွားသည့် နူးညံ့နွေးမြခြင်းတို့က မက်မက်မောမော နင့်နင့်မျောမျော လှိုက်မောစွာ။

အလွမ်းတို့ကို အနမ်းများနှင့် တိုက်စားရင်း ခါးသွယ်သွယ်ထက်မှ လက်တို့က ပိုမိုတင်းကျပ်လာသလို ယူနီဖောင်းကော်လံစကို တင်းတင်းဆွဲထားသည့် လက်ကလေးတွေလည်း တုန်ယင်လာခဲ့ပြီ။

"တိုတို...တိုတို....ဘာရန်ချေ့တွေ များကြီးပဲ..."

"အု...အဟွတ်...." "အာ့..."

ဗာဒံသီးလေးတွေ လက်ခုပ်အပြည့်ကောက်ကာ ရောက်လာသည့် အလည်လေးတွေကြောင့် လူချင်း အမြန်ခွာလိုက်ရပေမယ့် မျက်လုံးပြူးလေးတွေနှင့် စူးစမ်းနေသေးသည့် ကျေးဇူးရှင်လေးတွေ။

"ဦးဦးရှောင်း တိုတိုဝမ်ရို ချားနေတာရား...."

"ဗိုက်ချာနေတာရား ဦးဦး.... ဘာရန်ချေ့ ချားရေ..."

"အာ....သားတို့ကိုကို မျက်လုံးထဲ ဖုန်ဝင်သွားလို့ ဦးဦးက ဖယ်ပေးတာ..."

My Heart Belongs To A Soldier_Completed [ Z&U ]Hikayelerin yaşadığı yer. Şimdi keşfedin