Chapter - 27 ( final )

12.9K 947 33
                                    

Daddy 💜

Chapter - 27

" ငါ့ မြေးကို ပြန်လာခေါ်တာ "

ရှောင်းကျန့် သူ့ရှေ့မှာ ထိုင်နေတဲ့ ဝမ်သူဌေးကြီးကိုကြည့်ပြီး ခေါင်းလေးငြိမ့် မဲ့ပြုံးပြလိုက်တယ် ။

အဲ့ဒီနေ့က မမဝမ်လီ ဂေဟာက ထွက်ပြေးတော့ သူ့ကို အခန်းထဲထိ ဝင်နိုးခဲ့တာ ဘယ်သူလဲ ။ မမဝမ်လီနောက် သူ့ကို လိုက်သွားစေဖို့ တိုက်တွန်းခဲ့တာ ဘယ်သူလဲ ။ ပြီးတော့ မမဝမ်လီနဲ့ သူ့ကို ကလေးရှိနေလို့ ခိုးပြေးသွားတယ်လို့ ပြောခဲ့တာ ဘယ်သူလဲ ။ အခုမှ အခုမှ ငါ့မြေးတဲ့ ။

"ဝမ်သူဌေး "

"မင်းနဲ့ ငါ စကားပြောစရာ အကြောင်းမရှိဘူး ။ ဝမ်ရိပေါ်ကို ခေါ်ပေး ။ ငါ သူ့ကို ပြန်ခေါ်သွားမယ် "

အိမ်အောက်ထပ်က ဆူညံလာတဲ့ အသံလေးကြောင့် အိပ်ရာမှ နိုးထလာတဲ့ ဝမ်ရိပေါ် ။ မနေ့ညနေက daddy ကို ရေချိုးပေးရင် daddy ရဲ့ အလိမ်အညာ စကားတွေကြားမှာ သူ့ရဲ့ ဒုတိယ မင်္ဂလာဦးကို ပေးလိုက်ရတယ် ။

ပထမ တစ်ခါကလည်း သူစိတ်ဆိုးခဲ့တာ မဟုတ်သလို ဒီ ဒုတိယ တစ်ခါလည်း သူက အလိုတူ အလိုပါပေါ့ ။

ဒီတစ်ခါတော့ ဟန်ဆောင်းခြင်း မရှိတော့တဲ့သူက ဟိုတစ်ခါလို Daddy မထခင် အရင် အိပ်ရာက ထသွားခြင်း သူဟန်ဆောင်ပြီးမလုပ်တော့ဘူး ။ ထမှ မထနိုင်တာ ဘာလို့ ဟန်ဆောင်နေရဦးမှာလည်း ။

ဝမ်ရိပေါ် အိပ်ရာဘေးကို လက်လေးနဲ့ စမ်းကြည့်လိုက်တယ် ။

Daddy အိပ်တဲ့ နေရာလေးက အေးစက်လို့ ။

ဒါဆို daddy က သူမနိုးခင် ထသွားတဲ့ပုံပဲ ။ အဲ့ဒါဆို အောက်ထပ်က ကြားနေရတဲ့ အသံတွေက....

" ရှောင်းကျန့် "!!!

Daddy ကို ဒေါသတကြီး ခေါ်လာတဲ့ ဒီအသံ...။

ဝမ်ရိပေါ် မျက်လုံးလေးတွေ ဝိုင်းပြီး ချက်ချင်း အိပ်ရာက ထလိုက်တယ် ။ တော်ပါသေးရဲ့ ခန္ဓာကိုယ်က သန့်ရှင်းနေလို့ ။ ညက သူကြမ်း ကိုယ်ကြမ်းနဲ့ ခံရတဲ့ သူက ပင်ပန်းစွာ အရင်အိပ်ပျော်သွားတာကို daddy က သန့်ရှင်းပေးထားတယ် ထင်တယ် ။

ဝမ်ရိပေါ် အိပ်ရာပေါ်က ဆင်းပြီး လွယ်ရာ အိကျီ နဲ့ ဘောင်းဘီကို ကောက်ဝတ်ပြီး အိမ်ပေါ်က ဆင်းလာခဲ့တယ် ။

DADDY 💜 ( Completed )Where stories live. Discover now