Chapter - 4

6.8K 800 8
                                    

Daddy 💜

Chapter - 4

တင်းကျပ်စွာ ဖိထားခံရမှုနဲ့ တစ်ရေး နိုးထလာရတဲ့ ရှောင်းကျန့်။ ခါးပေါ်မှာ ခွထားတဲ့ သားဝမ်ရဲ့ ခြေထောက်တွေ ။ လည်ပင်းကို သိုင်းဖက်ထားတဲ့ လက်ဖောင်းဖောင်းလေးနဲ့ မျက်နှာလေးက ရင်ဘက်ကို ပါးလေးအပ်ပြီး နှစ်ချိုက်စွာ အိပ်ပျော်နေမှု ။

ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတာလဲ ပါး သားလေးရယ် ။

၁၅ နှစ်ရှိပြီ သားလေးနဲ့ သူ အတူအိပ်တာ ။ အရင်က အရွယ်အနည်းငယ်ကြီးလာလို့ အခန်းခွဲပေးရမလား သူမေးမိတော့ အဲ့နေ့က ဝမ်လေးက စိတ်ကောက်တယ်လေ။ သူ့ကို မချစ်တော့လို့ အတူ မအိပ်ချင်တော့တာလားဆိုပြီးတော့ ။ ဒါကြောင့် အခု အချိန်အထိ သူနဲ့ တစ်ခန်းထဲ အတူမျှသုံးတဲ့ သားဝမ်ဟာ တစ်ကယ့် ကလေးငယ်ငယ်လေးတစ်ယောက်လို ။ အဝတ်အစားတွေဆိုလည်း သူနဲ့အတူ လိုက်ရောထားတက်တယ် ။ သီးသန့်ထားဆိုလည်း မရဘူး ။ သူသုံးတဲ့ ပစ္စည်းတွေ လိုက်သုံးတယ် ။ ဥပမာ ခေါင်းလိမ်းဆီကအစ ရေချိုးခန်း ပစ္စည်းများအဆုံး ။ အခုလည်း မအိပ်ခင် သူ့ကို သီးသန့်ခြုံထားပေးတဲ့ စောင်ကို ဘယ်အချိန် ကန်ချပြီး သူ့စောင်ထဲ ဝင်လာသည် မသိ ။ သူ့အောက်ပိုင်း တစ်ခုလုံးကို ခွပြီး တက်ဖိထားယုံမျှမက ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကလည်း သူ့ရင်ဘက်မှာ လာကပ်ထားလို့ ။ ရှောင်းကျန့် သူရင်ဘက်ပေါ်ရှိ ပါးလေးတစ်ဖက် ဖောင်းပြီးအိပ်နေတဲ့ သားလေးရဲ့ ဆံပင်ကို ဖွဖွလေး ထိတွေ့မိတယ် ။ နုအိအိ ဆံပင်လေးတွေဟာ သူလက်ထဲမှာ ကလို့ ခုန်လို့ ။ အရင်က ဒီသားလေး ငိုတိုင်း မျက်ရည်ကျမိတဲ့ ရှောင်းကျန့်က ဆုတစ်ခုကို အမြဲတောင်းတမိတယ် ။ သားလေးရယ် ပါပါး မျက်ရည်တွေစားပြီး အမြန်ကြီးထွားလာပါလို့ ။ ဒါပေမယ့် အခုလို ကြီးထွားလာတဲ့ သားလေးကို ကြည့်ပြီးတော့ ဝမ်းနည်းမိရတာကလည်း သူပါပဲ ။ အချိန်တန် အရွယ်ရောက်လာလို့ သားလေးက သူ့ကို ထားသွားရင်.....။ အိုး ဘုရားရေ အတွေးလေးနဲ့တင် ပါးပြင်ပေါ်ကိုကျလာတဲ့ မျက်ရည်စက်လေး ။ ရှောင်းကျန့် မခံနိုင်စွာ သားလေးကို လွတ်ထွက်သွားမည် ဆိုးရိမ်သည့်အလား တင်းကျပ်စွာ ထက်ထားမိလိုက်တယ် ။

DADDY 💜 ( Completed )Where stories live. Discover now