Chapter - 2

9.2K 932 10
                                    

Daddy 💜

Chapter - 2

" သားရယ် အပါးတို့ မှားခဲ့တယ် ဒါကြောင့် အပါးတို့ တောင်းပန်ပါတယ်နော် ။ ပြီးတော့ သား အပါးတို့နဲ့ အတူ ပြန်မနေချင်ဘူးဆိုရင်တောင် သားရဲ့ သားငယ်လေး မျက်နှာကို ကြည့်ပြီး အပါးတို့နဲ့ အတူ ပြန်နေစေချင်ပါတယ် ။ ဘာလို့လည်းဆိုတော့ ပညာရေး တစ်ပိုင်းတစ်စနဲ့ အသက်ငယ်ငယ်လေး ရှိသေးတဲ့ သားက ဘယ်လိုလုပ် သားရဲ့ သားငယ်လေးကို ပြုစု ပျိုးထောင်နိုင်မှာလဲ ။ သားရဲ့ သားငယ်လေး ဘဝရှေ့ရေးကို ကြည့်ပြီး သားလေး အပါးတို့နဲ့ ပြန်လိုက်ခဲ့ စေချင်ပါတယ် နော်သား အပါးတို့ မှားခဲ့ပါတယ် ။ ဒါကြောင့် တောင်းပန်ပါတယ် "

ဆေးရုံခန်းလေးထဲမှာ ကလေးငယ်လေးကို ပွေ့ချီထားတဲ့ ရှောင်းကျန့်ကို တောင်းပန်နေတဲ့ ရှောင်းပါး ။ ရှောင်းမားကတော့ ခေါင်းလေး ငုံ့ကာ ငိုနေခဲ့တယ် ။

ရှောင်းကျန့် သူ့ထွေးပိုက်ထားတဲ့ ကလေး နီတာရဲလေးကို ငုံ့ကြည့်လိုက်တယ် ။ ရက်သားအရွယ် သားငယ်လေးကတော့ သူ့လက်ထဲမှာ အိပ်စက်လို့ ။

ပညာရေး တစ်ပိုင်းတစ်စတဲ့  ။ အဟင်း အထက်တန်းတောင် မတက်ရသေးတဲ့ သူ ။ အသက် ငယ်ငယ်လေး မနေ့ တစ်နေ့ကမှ ၁၆ နှစ်ပြည့်ပြီ ၁၇ နှစ်ထဲ ဝင်လာတာလေ ။ အဲ့လိုမျိုး ဖြစ်ခဲ့အောင် လုပ်ခဲ့တာ ဘယ်သူလည်း ။ ရှောင်းပါး ရှောင်းမားပဲမလား ။ အိမ်ထောင်ကျကာစ ရခဲ့တဲ့ သူ့ကို မပြည့်စုံသေးတဲ့ ဘဝမလို့ဆိုတဲ့ အကြောင်းပြချက် လှလှလေးနဲ့ မိဘမဲ့ ဂေဟာမှာ ထားခံခဲ့ရတာလေ ။

သူ ဘယ်အချိန်မှာ မိဘမဲ့ဂေဟာ ရောက်ခဲ့တယ်မသိဘူး ။ သူ မှတ်မိနိုင်တဲ့ အရွယ်ရောက်တော့ သူ့ အာရုံထဲမှာ အပြည့်အဝ နေရာယူနေတာက မမ ဝမ်လီ ။ သူဘာလုပ်လုပ် ဘေးနားက ရှိနေပေးတက်တဲ့ မမဝမ်လီက သူနဲ့ အသက်သိပ်မကွာပေမယ့် မမဝမ်လီသာ သူ့ရဲ့ အားကိုရာ ။ ခင်တွယ်ရာ ။ ဒါကြောင့် မမဝမ်လီ ဒုက္ခရောက်တော့ သူလည်း မမဝမ်လီနဲ့အတူ ညီတူညီမျှ ခံစားခဲ့ရတယ်လေ ။ ဒါကြောင့် မမဝမ်လီကို မျက်ခြေမပျက် စောင့်ကြည့်နေခဲ့လို့ မမဝမ်လီ ဂေဟာက ထွက်ပြေးတော့ သူလည်း မမနောက် အမှီပြေးလိုက်ခဲ့မိတယ်လေ ။ ဒါပေမယ့် ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်း မစဉ်မခြင် လိုက်သွားမိတဲ့ သူ့ကြောင့် ထပ်ပြောခံရတာက မမဝမ်လီဟာ အရွယ်မရောက်သေးတဲ့ သူနဲ့ ဂေဟာက ခိုးပြေးကြောင်း ။ ပြီးတော့ ကလေးပါ ရှိနေကြောင်းတဲ့ ။ လူတွေက ရယ်ရတယ် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်ရဲ့ ဒုက္ခကို ဝေမျှမယူပဲ ဝါးလုံးနဲ့ ထိုးချကြတယ်လေ ။ သူလည်း အတော်အတန် သိတက်နားလည်နေတဲ့ အရွယ်မလို့ အားလုံးပြောသမျှကို ခေါင်းငြိမ့်ပြီး မမဝမ်လီနဲ့ ဘဝရှေ့ရေးကို ခရီးဆက်ဖို့ပြင်တယ် ။ ဒါပေမယ့် ခေါင်းမာတဲ့ မမဝမ်လီဟာ သူ့ကို မောင်တစ်ယောက်လိုသာ သဘောထားပြီး ဒုက္ခမှန်သမျှကို ခါးစည်းခံတယ် ။ ကလေးမွေးဖို့ ပိုက်ဆံကအစ သူမကိုယ်တိုင်ရှာဖွေတယ်လေ။ သူကသာ လိုက်လာခဲ့ပြီး အပိုလူလို မမရှာသမျှ ထိုင်စားနေရတဲ့ဘဝ ။ ဒါပေမယ့် တစ်နေ့မှာ သူ့အဖေ အမေ အမည်ခံပြီး အိမ်အထိ ရောက်လာတဲ့ ရှောင်းပါး ရှောင်းမား ။ ဂေဟာက ဒီမှဆိုလို့ လိုက်လာတာ ဆိုပဲ။ ဒါကြောင့် မွေးဖွားခါနီးပြီဖြစ်တဲ့ မမဝမ်လီလက်ကိုဆွဲပြီး ရှောင်းပါး ရှောင်းမားအိမ် တက်နေခဲ့တယ် ။ သူ ဒီလို အနေအထားမှာ ရှိတယ်ဆိုတာ သိသွားတဲ့ မမဝမ်လီဟာ သားလေးတစ်ယောက်ကိုမွေးပြီး လူ့လောကကြီးထဲက စိတ်ချစွာ ထွက်ခွာသွားတယ် ။ အပျိုတောင် မလုပ်လ်ိုက်ရတဲ့ မမဟာ ကလေးတစ်ယောက်မွေးဖို့အတွက် အသက်ပါ ပေးခဲ့ရတယ်လေ ။ ရှောင်းကျန့် ပါးပေါ်မှာ ကျနေတဲ့ မျက်ရည်စများကို သုတ်ဖယ်လိုက်ပေမယ့် ကျသွားတဲ့ အချို့တစ်ဝက်ကတော့ သူ့ရင်ခွင်ထဲက ထွေးပိုက်ထားတဲ့ သားငယ်လေးရဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ်သို့ .......။

DADDY 💜 ( Completed )Where stories live. Discover now