Chapter - 1

26.4K 1K 18
                                    

Daddy 💜

Chapter - 1

"မမ နင် ပြောစမ်း နင့်ကို ယုတ်မာလိုက်တာ ဘယ်သူလဲလို့ နင် ပြောစမ်းပါ "

၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဒေါသကြီးစွာဖြင့် ကြမ်းပြင်မှာ ထိုင်ငိုနေတဲ့ မမလို့ ခေါ်ခံရတဲ့ မိန်းကလေးရဲ့ ပခုံးကို အားနဲ့ ကိုင်လှုပ်ပြီး မေးပေမယ့် ခေါင်းလေးခါပြီး ငိုနေတဲ့ မမဆိုတဲ့ မိန်းကလေးက ကောင်လေးကို အဖြေ ပြန်မပေးလာခဲ့ပေ ။

ကောင်လေးက ဒေါသကြီးစွာ တောက်လေးခေါက်မိလိုက်တယ် ။

အသက် ၁၈ တောင် မပြည့်သေးတဲ့ မမ ကို ကလေးရလောက်အောင်အထိ ဘယ်သူက စောကာလိုက်တာလဲ....။

" မောင်လေးရယ် မမလေ မမရှက်လွန်းလို့ သေသာသေလိုက်ချင်ပါတယ် မောင်လေးရယ် "

လူရုပ်မပေါ်အောင်ပင် ဝမ်းနည်းစွာ ထိုင်ငိုနေတဲ့ မမ ဆိုတဲ့ မိန်းကလေးကို ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘာများလုပ်ပေးနိုင်မှာလဲ..... ။

........................

ရှောင်းထုံ မိဘမဲ့ ဂေဟာ........

တိတ်ဆိတ်နေတဲ့ ညသံခေါင်အချိန်မှာ မိဘမဲ့ ကလေးများ နားခိုရာ အိပ်ဆောင်လေးတစ်ခုမှ လှုပ်ရှားထွက်ပေါ်လာတဲ့ အရိပ်လေးတစ်ခု ။ သေချာကြည့်မယ်ဆိုရင် ပါးရှပ်ရှပ် ခန္ဓာကိုယ်သေးသေးလေးနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက် ။ နာမည်လေးက ဝမ်လီ ။ သူမဟာ အသက် ၅ နှစ်အရွယ်လောက်ကတည်းက ဒီမိဘမဲ့ ဂေဟာကို ရောက်ရှိလာခဲ့တယ်။ ပြီးတော့ သူမဟာ အရွယ်မရောက်သေးပေမယ့် လိမ္မာရေးခြားရှိတဲ့သူ တစ်ယောက်မလို့ တစ်ဖြည်းဖြည်း ကြီးလာတဲ့ အသက်အရွယ်နဲ့အမျှ သူမထက် နောက်မ ရောက်ရှိလာတဲ့ ကလေးငယ်များကို ပြန်ထိန်းပေးပြီး ဒီဂေဟာလေးကို အကျိုးပြုတယ် ။ ဒါကြောင့် ဒီဂေဟာလေးမှာ ဝမ်လီဆိုတဲ့ သူမလေးကို မသိတဲ့လူ မရှိသလောက်ပဲ ။ ဒါပေမယ့် ကံဆိုးတဲ့ သူမဟာ အရွယ်မရောက်သေးတဲ့ ကလေးအရွယ်ပေမယ့် လူယုတ်မာတစ်ယောက်ရဲ့ စော်ကားတာကို ခံခဲ့ရတယ် ။ အဲ့လူက သူမကို ပြောတယ် ဘယ်သူ့ကိုမှ ပြန်မပြောရဘူးတဲ့ ။ ပြန်ပြောရင် သတ်ပြစ်မယ်ဆိုလို့ နှုတ်ပိတ်နေရတဲ့ သူမဟာ ဂေဟာလေးမှ ထွက်လည်ခွင့်ရခဲ့တဲ့ တနင်္ဂနွေနေ့ တစ်နေ့မှာ ဘဝကြီးဟာ ကံဆိုး မိုးမှောင် ကျခဲ့ရတယ်။ သူမဗိုက်ထဲမှာ ကလေးပါရှိနေတယ်တဲ့ ။ အဲ့နေ့က သူမ လမ်းလယ်ခေါင်မှာ အားရပါးရ ထိုင်ငိုမိတော့ သူမနဲ့အတူ လိုက်ပါလာတဲ့ အသက် ၁၅ နှစ်အရွယ် သူမထိန်းပေးနေခဲ့တဲ့ ကလေးငယ်လေးက မေးခွန်းထုတ်တယ် ။ ဘယ်သူလဲတဲ့ ။ လူယုတ်မာက ဘယ်သူလဲတဲ့ ။ သူမ ဘယ်လို ပြန်ပြောရပါ့မလဲ ကလေးရယ် ။ ဒီမိဘမဲ့ ဂေဟာမှာ ရှိနေကြတဲ့ လူတွေဟာ ကိုယ့်အားကိုယ် မကိုးနိုင်၍ ဒီဂေဟာလေးမှာ ရှင်သန်နေကြရတဲ့ လူတွေမလား ။ ဒါကြောင့် မမပြောပြရင်လည်း သူ့ကို ဘယ်သူမှ တွန်းလှန်နိုင်မှာ မဟုတ်တဲ့အတွက် အဲ့ကလေးကိုသာ ဘယ်သူ့မှ ပြန်မပြောရန် နှုတ်ပိတ်ပြီး သူမ ဂေဟာလေးကို ဟန်မပျက် ပြန်ခဲ့လိုက်ရတယ် ။ ဒါပေမယ့် သူမ မပျော်တော့ဘူး ။ ဒီဂေဟာလေးမှာ နေရတာ သူမ တစ်ကယ် မပျော်တော့ဘူး ။ ပြီးတော့ မနေချင်တော့ဘူး ။ ဒါကြောင့် ဒီဂေဟာနဲ့ အဝေးဆုံးကို ထွက်ခွာဖို့ ပြင်တင်ခဲ့တဲ့ သူမလေ ။ အခု လက်ထဲမှာ သူမ ပိုင်ဆိုင်တဲ့ အဝတ်အစားအချို့ရယ် ။ ပြီးတော့ ဟို လူအဆန်တဲ့ လူယုတ်မာ ပေးထားတဲ့ ငွေအချို့ရယ်ယူပြီး သူမ ထွက်ပြေးရမယ်လေ....။

DADDY 💜 ( Completed )Where stories live. Discover now