Chapter - 16

6K 723 26
                                    

Daddy 💜

Chapter - 16

Oမ်ရိပေါ်နောက်ကိုလှည့်ကြည့်တော့ စာပွဲဝိုင်းမှာ မေးထောက်ပြီး စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ ရှောင်းကျန့်ကိုကြည့်ကာ အလိုမကျမိတယ် ။

သူငယ်ချင်းကို လာကူညီတယ်ဆိုလည်း မြန်မြန်ငြင်းပြီး မြန်မြန်ပြန်တာ မဟုတ်ဘူး ။ အခုက ဟိုမိန်းကလေး စားသောက်တာကို ထိုင်ကြည့်နေတဲ့အပြင် အခု ဟိုက အဆင့်တက် ရုပ်ရှင်ပါ လိုက်ကြည့်ဖို့ ခေါ်နေပြီ ။ ဒါတောင် မငြင်းသေးပဲ ထိုင်နေတဲ့ ပုံစံက ဟိုမိန်းကလေးနောက်ပဲ တစ်ကယ် လိုက်သွားတော့မလို။ နောက်ဆုံး စိတ်မရှည်စွာ ထရပ်လိုက်တဲ့ ဝမ်ရိပေါ် ။ ခုံကို မေးထောက်ပြီး စိတ်ပျက်စွာ ထိုင်နေတဲ့ ရှောင်းကျန့်ကို နောက်ကနေ သိုင်းဖက်လိုက်တယ် ။

" Daddy က baby ကို ခေါက်ထားပြီး ဒီရောက်နေတာကို "

" ကလေးငယ်လေး "

Oမ်ရိပေါ် စကားသံလေးကြောင့် ဝမ်းသားအားရ ထွက်လာတဲ့ ရှောင်းကျန့် စကာသံသည် ဝမ်ရိပေါ်ကို စိတ်ချမ်းသာစေသည် ။

ရှောင်းကျန့် ကြားလိုက်ရတဲ့ အသံလေးနဲ့အတူ အနောက်ကနေ ထွေးဖက်လာတဲ့ လက်ကလေးကို ပြန်ဆုတ်ကိုင်ပြီး ခေါ်လိုက်မိတယ်လေ ။

ရှောင်းကျန့်ရဲ့ တစ်ဦးတည်းသော  ကယ်တင်ရှင်လေး ။

" ဦး သူက ဘယ်သူလဲဟင် "

သူတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို ရှေ့ကနေ မြင်နေရတဲ့ မိန်းကလေးက မနေနိုင်စွာ ရှောင်းကျန့်ကို စကားစတယ် ။

ဦးတဲ့ ။ ငါ့ daddy ကိုများ ။ အေးလေ ခေါ်လို့ရလောက်ပါတယ် ။ အခု ရှောင်းကျန့် ရှေ့မှာ ရှိနေတဲ့ မိန်းကလေးသည် ဝမ်ရိပေါ် နဲ့ ရွယ်တူလောက်ပဲမလား ။ အမှန်ဆို ဝမ်ရိပေါ်တောင် ရှောင်းကျန့်သာ သူ့ပါပါး ( သို့မဟုတ် ) ယောကျာ်း မဖြစ်ခဲ့ရင် ဦးလို့ ခေါ်လို့ရတဲ့ အရွယ်လေ ။

ကျန်းချန် ရဲ့ မိန်းကလေး စကားကြောင့် စကားပြန်ဖို့ စဉ်းစားနေရတဲ့ ရှောင်းကျန့် ။ ဝမ်ရိပေါ် က သူ့ ယောကျာ်းလို့ ပြန်ဖြေလိုက်ရင်လည်း ထိုမိန်းကလေးက ကျန်းချန် ယောကျာ်းရှိနေကြောင်း အိမ်သွားတိုင်လို့ ကျန်းချန် ကိုယ်တိုင် လာတွေ့တာ မဟုတ်ဘူးဆိုတာသိပြီး ပြသနာတွေတက်ရဦးမယ် ။ ချစ်သူ ကောင်လေးလို့ ပြောလိုက်ရင်လည်း ဒီကောင်လေးက ဘာလား ညာလားဆိုပြီး ရွှေစိတ်တော် ဆိုးတော်မူဦးမယ် ။ အခုတောင် ရိပေါ်က သူ့မျက်စိရှေ့မှာဖြစ်နေတာ အမြင်ကပ်လို့ ထပြီး ရွဲ့နေတာလားမသိဘူး။ ဒီအခြေအနေတွေ ပိုဆိုသွားမှာ ရှောင်းကျန့် မလိုလားဘူး ။

DADDY 💜 ( Completed )Where stories live. Discover now