Chapter - 3

7.8K 813 13
                                    

Daddy 💜

Chapter - 3

" သားဝမ် ထတော့ ကျောင်းသွားရမယ်လေ "

အိပ်ရာပေါ်မှာ စောင်နဲ့ လုံးနေတဲ့ ဝမ်လုံးလေးကို အသာအယာလှုပ်နိုးနေတဲ့ ရှောင်းကျန့် ။ ဝမ်လုံးလေးကတော့ ပါပါးရာလို့အော်ကာ မထပဲ စောင်ကို ပြန်ဆွဲခြုံတယ် ။

ရှောင်းကျန့် နိုးမရတဲ့ သားလေးဘေးနား ကုတင်ပေါ် တက်ထိုင်လိုက်ရင်း စောင်ပုံကြားထဲက ထွက်ပေါ်နေတဲ့ မျက်နှာနုနုကို လက်ချောင်းလေးနဲ့ ဖွဖွထိတွေ့တယ် ။

အသက် ၁၅ နှစ်အရွယ် ကလေးလေးက တစ်အိမ်လုံးရဲ့ ဂရုစိုက် အလိုလိုက်မှုကို ခံထားရတော့ အနည်းငယ် ဆိုးချင်နေတယ်လေ ။

ပြည့်ဖောင်းဖောင်း ပါးလေးရယ် ။ ထူအိအိ နှုတ်ခမ်းလေးရယ် ။ လုံးတုံးတုံး ခန္ဓာကိုယ်လေးရယ်။ အပါးရဲ့ သားလေးက တစ်ကယ်ကို ချစ်ဖို့အရမ်းကောင်းတယ် ။

ကိုယ့်သားကိုယ် ပြန်ပြီး အမွှန်းတင်နေတဲ့ ရှောင်းကျန့်ဟာ နောက်ဆုံး ဝမ်လုံးလေးမကြိုက်တဲ့ အလုပ်ကို လုပ်တော့တာပါပဲ။

အကြောင်းက စောင်ပုံထဲမှာမျက်နှာလေးပဲ ပေါ်နေတဲ့ မျက်နှာလေးက ပါးဖောင်းဖောင်းကို အတင်းကာရော ဖိနမ်းလိုက်တာပါပဲ။

" ရာ ပါပါးရာ ။ မနမ်းပါနဲ့ဆို ။ သားက ကလေး မဟုတ်တော့ပါဘူးဆို  "

စောင်ထဲကို မျက်နှာဖွက် အသံပြဲကြီးနဲ့ ထအော်တဲ့ ဝမ်ပေါက်လေးဟာ ကလေးမဟုတ်တော့ပါဘူးတဲ့ ။

၁၅ နှစ်အရွယ်က လူကြီးတစ်ယောက်လား ။

ဘာမှ မတိုက်ဆိုင်ပေမယ့် သူ ၁၅ နှစ်အရွယ်က ဒီသားလေးကို လက်ခံလိုက်မိတဲ့ သူ့ အရွယ်လေးကို သတိရမိသွားတယ် ။

အပါးအသက် ၁၅ နှစ်အရွယ်ကတော့ သားလေးကို ကာကွယ်ပေးဖို့အတွက်  အရွယ်ရောက်ခဲ့ရပြီပေါ့ သားလေးရယ် ။

" ထကွာ သားဝမ်ရာ ။ ကျောင်းသွားရမယ်လေ "

ရှောင်းကျန့် စောင်လေး ဆွဲယူလှုပ်နိုးနေတာကြောင့် ခေါင်းနဲ့ ခေါင်းဦး ခွာသွားတဲ့ ဝမ်လုံးလေးဟာ ချက်ချင်းပင် ခန္ဓာကိုယ်ကို ရှောင်းကျန် ပေါင်ပေါ်ပြန်လဲချပြီး ရှောင်းကျန့်ဗိုက်မှာ မျက်နှာ လာကပ်နေပြန်သည် ။

DADDY 💜 ( Completed )Where stories live. Discover now