Chapter - 21

6.9K 747 47
                                    

Daddy 💜

Chapter - 21

" အဲ့ဒါဆို ကလေးယူဖို့အထိ စဉ်းစားထားတယ်ပေါ့ "

" အဟားဟား... ရအောင်အထိ ကြိုးစားမှာပေါ့ မဟုတ်ဖူးလား.. "

ဝမ်ရိပေါ် တံခါးနား ကပ်လိုက်လျှင်ပင် အခန်းထဲမှ ထွက်လာတဲ့ အသံလေးကြောင့် ခြေလှမ်းတွေ ရပ်လိုက်မိတယ် ။

ရှောင်းကျန့် ရုံးခန်းထဲက ကြားနေရတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောသံက အခန်းအပြင်ထိအောင် ထွက်လာခဲ့တယ်လေ ။

ဝမ်ရိပေါ် တံခါးဝလေးကို တစ်ချက် ကြည့်မိတော့ အနည်းငယ် ပွင့်ဟနေတဲ့ တံခါးလေးကြောင့် အသာအယာ တွန်းပြီး အခန်းထဲကို စူးစမ်းကြည့်လိုက်တယ် ။

ချက်ချင်းပင် ဝမ်ရိပေါ် မျက်လုံးလေးများ စူးရဲလာတယ် ။ ပြီးတော့ နှုတ်ခမ်းလုံးလုံးလေးမှာ ဖြစ်ပေါ်လာသော် မဲ့ပြုံးလေး ။

ကိုယ်က သူ့ကို ရွေးချယ်ခဲ့တာပဲ ။
သူမှ ကိုယ့်ဘက်မှာ မရှိတော့တာ ။

ဝမ်ရိပေါ် ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ခဲ့လိုက်တယ် ။

လမ်းခွဲကြတာပေါ့ ရှောင်းကျန့်ရာ...။

.........................

" သားရှောင်း "

ရှောင်းကျန့် အိမ်ထဲ ဝင်ဝင်ချင်း ထိုင်ရာမှ ထကာ ခေါ်လာတဲ့ ရှောင်းမား ။ မျက်နှာလေးက မကောင်းဘူး ။

" မား ဘာဖြစ်နေတာလဲဟင် ။ နေမကောင်းဘူးလား"

ရှောင်းမား နဖူးပြင်ကို အသာအယာထိတွေ့ပြီး မေးလာတဲ့ ရှောင်းကျန့် စကားတွေကို ခေါင်းလေးခါပြတဲ့ ရှောင်းမား ။ ပြီးတော့မှ ပါးပေါ်မှာ ကျလာတဲ့ မျက်ရည်စက်လေးကို သုတ်ဖယ်ပြီး စကားတိုးတိုး ဆိုလာခဲ့တယ် ။

" သားငယ် ရိပေါ်လေး အိမ်ပေါ်က ဆင်းသွားပြီ "

" ဗျာ "

...........................

ရှောင်းကျန့် မျက်နှာလေးကို ငုံ့နမ်းနေတဲ့ ရှောင်းကျန့် အတွင်းရေးမှူးမလေး ။

တောက်...!

ပထမ အကြိမ် ဖက်လျှက်တွေ့ကတည်းက ရိပ်မိရမှာကို ။ အခုတော့

DADDY 💜 ( Completed )Where stories live. Discover now