Chapter - 20

6.7K 752 12
                                    

Daddy 💜

Chapter - 20

ချစ်သွားခဲ့ပြီးလားလို့ မေးခွန်းထုတ်ရအောင်ကလည်း အစကတည်းက မုန်းနေခဲ့တာမှ မဟုတ်တာ ။ မယုံကြည်နိုင်စရာ ကံကြမ္မာ အလှည့်အပြောင်းတွေကြောင့် လူက လုံးဝလက်မခံနိုင်တော့တာ ။ ဒီလူ မျက်နှာကို မြင်မိရင် ဟိုး ၅၂၈ မေတ္တာတရားတွေနဲ့ ချစ်ခဲ့ရတဲ့ ဘဝလေးကို ပြန်တမ်းတမိတယ် ။ ဖြူဖြူစင်စင် နမ်းရှိုက်ခဲ့မိပုံလေးတွေ ၊ အကိုလို့ လာပြောတိုင်း အစခံရတိုင်း အူတိုခဲ့ရတဲ့ ဘဝလေး ၊ အမား သေသွားလို့ ဒီလူရဲ့ ချစ်ချင်းတွေ သူတစ်ယောက်တည်းရတယ်ဆိုပြီး ကျေနပ်ခဲ့ရတာလေးတွေ ၊ ဒီလူကြီး နောက်မိန်းမတစ်ယောက် ကောက်ယူသွားမှာဆိုးလို့ သူ့ကိုအချစ်ပိုပြီး မခွဲနိုင်အောင် ချွဲနွဲ့မိနေတာလေးတွေ ဒါတွေက အိမ်မက်မဟုတ်ခဲ့ဘူး လက်တွေဘဝမှာ ဖြစ်တည်ခဲ့ရတဲ့ အတိတ်က အခြေအနေတွေ ။

ဝမ်ရိပေါ် အတိတ်က အရိပ်လေးတွေကို ပြန်တွေးရင်း သူ့အိပ်ရာလေးပေါ်မှာ အိပ်စက်အနားယူနေတဲ့ ရှောင်းကျန့် ခြေဖဝါးလေးတွေကို အနွေးအိတ်ကပ်ပေးရင်း လက်ဖဝါးလေးနဲ့ ဖွဖွ နိပ်နယ်ပေးတယ်။

ဘယ်လောက်အထိ ပင်ပန်းနေတာလဲ...။ ဘယ်သူ့အတွက်မလို့ ဒီလောက်အထိ အလုပ်တွေ ကြိုးစားနေတာလဲ ။ ခင်ဗျားယူထားတဲ့လူကလည်း ခင်ဗျားကို မှီခိုနေတဲ့ မိန်းမသား တစ်ယောက်မဟုတ်လို့ ဒီလောက်အထိ ပင်ပန်းစွာ ငွေရှာနေဖို့ မလိုပါဘူးလေဗျာ ။

တစ်ဖြည်းဖြည်း နွေးလာတဲ့ ခြေဖဝါးလေးတွေကြောင့် ဝမ်ရိပေါ် ကုတင်အောက်မှာ ထိုင်နေရာမှ ထလိုက်ပြီး အိပ်နေတဲ့ ရှောင်းကျန့်နား ကပ်လို့သွားတယ် ။

တစ်ကယ်ကိုချောတယ် ။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အခြေအနေတွေ ။ ဟိုးလွန်ခဲ့တဲ့ နှစ်များစီက သူ ပါပါးလို့ ခေါ်ပြီး ရင်ခွင်ထဲ တိုးဝင်အိပ်ခဲ့ရတဲ့ လူသားလေးအတိုင်းပါပဲ ။ နည်းနည်းလေး အသက်အရွယ် ရလာတာကလွဲလို့ ထူးခြားပြီး မပြောင်းလဲသွားဘူး ။

ရိပေါ် ရှောင်းကျန့်အိပ်နေတဲ့ ဘေးနားက လွတ်နေတဲ့ နေရာမှာ ဝင်ထိုင်လိုက်တယ် ။

အသက်ကြီးလာပြီဆိုတော့ သေဖို့နီးလာပြီထင်တယ်။ ခုဏက ရှောင်းကျန့် ပြောခဲ့တဲ့ စကားလေးကို ပြန်ကြားယောင်ပြီး ခေါင်းလေး ခါမိတယ်။

DADDY 💜 ( Completed )Where stories live. Discover now