[18]

2K 606 73
                                    

Unicode

ဘုတ်*

စားပွဲ​ပေါ်မှာ ပစ်တင်​လိုက်တဲ့ ဓါတ်ပုံ​တွေဟာ သူနဲ့​ကောင်​လေးရဲ့ ပုံ​တွေချည်း သီးသန့်။ ကောင်​လေးကို ဘူတာရုံမှာ လာကြိုတဲ့ပုံကအစ မ​နေ့ကပုံ​တွေအဆုံး အကုန်ရိုက်ယူထားသည်။

Chanyeol ပုံ​တွေကို တစ်ချက်သာကြည့်လိုက်သည်။

'ငါ့ကိုရှင်းပြစရာ တစ်ခုခုမရှိဘူးလား'

'​တခြားကိစ္စမရှိ​တော့ရင် ပြန်​တော့'

သူနဲ့​ကောင်​လေးကြား ကြားလူ၀င်ပတ်သတ်စရာ အ​ကြောင်းမရှိသလို ပတ်သတ်ခွင့်လဲ မရှိ​ပေ။

'ဟက် ဘာလဲ ~ အဲ့ဒီဘာမှမဟုတ်တဲ့ က​လေးသာသာ​ကောင်​လေးကို နင်က တကယ်ကြီး ကြိုက်​နေတာလား'

ထပ်​ပြောလာတဲ့ သူမစကား​မှာ Chanyeol အကြည့်စူးစူးရဲရဲ​​တွေဟာ Grace Lee​ပေါ် ကျ​ရောက်လာသည်။

'ထွက်သွား'

ထပ်​နား​ထောင်စရာ အကြောင်းမရှိ​တော့သလို ဒီထက်ပိုပြီး သူဆက်သည်းမခံနိုင်​တော့။

'နင်ငါ့ကို ​မောင်းထုတ်တတ်​နေပြီလား Park Chanyeol'

သူ့​လက်​မောင်းကို ကုတ်တွယ်လာတဲ့ လက်​​တွေကို Chanyeol ပုတ်ထုတ်ပစ်လိုက်သည်။

'ဘာလဲ ​ကစားစရာ​ကောင်​လေး မရှိ​တော့လို့လား'

ဟဟားးးး

'ရှိတာ​ပေါ့ နင်​လေ'

​ပေါ့ပျက်ပျက် စိတ်ပျက်စရာစကား​တွေ​အောက် မြူးတူး​နေ​​သော ထိုမိန်းက​လေးသည် သူတို့နဲ့ စီးပွားဖက် မဖြစ်ခဲ့ရင် ပတ်သတ်စရာ အ​ကြောင်းအရင်း တစ်ခု​လေးတောင် ရှိ​မ​နေ။

အဖွားဘက်က​တောင်းဆိုမှု မပြုလာ​သည့်တိုင် သူငြင်းဖို့ အားနာသည်။။ ငယ်စဥ်က​လေးက သူ့ကိုတစ်ခါ​လေးမှ ​တောင်းဆိုမှု မရှိခဲ့ပဲ ဖြည့်ဆည်း​မှုသာ ရှိခဲ့​သော အဖွားသည် ဒီတစ်ခါလည်း နှုတ်ဆိတ်​နေခဲ့သည်။

အရာအားလုံး ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ရမယ့် ကိစ္စမှာ အချစ်​ရေးနဲ့ ​ကျေးဇူးတရားကြား သူတစ်ခုကိုသာ ​ရွေးချယ်ရ​တော့မည်။ စုပ်လဲစူး စားလဲရူးဖြစ်​နေတဲ့အချိန်မှာ ​​ကောင်​လေးက ကြားထဲက ​မြေစာပင် ဖြစ်ခဲ့ရသည်။

Sleep With ME (Z+U)Where stories live. Discover now