[10]

5.2K 754 113
                                    

Zawgyi



တစ်ပတ်တာ အချိန်စာရင်းကြီးထဲ ဟိုအချိန်ပိုသင်လိုက် ဒီအချိန်တိုးသင်လိုက်နဲ့ Baekhyun ဒီတစ်ပတ်ထဲ အားတယ်လို့ကို မရှိ​။

Final exam နီးပြီဆို​တော့ ပိုဆိုးသည်။ ပုံမှန်စာ​​မေးပွဲ​တွေလို ​ပေါ့​ပေါ့တန်တန် လုပ်လို့မဖြစ်။ ​ဘယ်​လောက်ပဲ တစ်နှစ်လုံး အ​လေလိုက်ခဲ့ လိုက်ခဲ့ တစ်နှစ်တစ်တန်း​တော့ ​ပုံမှန် အောင်​အောင် လုပ်ရမယ်မလား။

နဂိုကဖြင့် တစ်နှစ်လုံး ဘာစာ​တွေသင်လို့သင်မှန်းမသိတာ ကျက်ဖို့ဆို​​တော့ ပိုဆိုးသည်။ ကံဆိုးတာက ကိုယ်​တွေ​မေဂျာက သူများ​တွေလို မဟုတ်​တော့ တခြားသူ​တွေလို နားလည်​အောင် ရှင်းပြခိုင်းဖို့ဆိုတာ မလွယ်ကူ။

'ငါဘာလို့ ဒီ​မေဂျာ ယူလိုက်ရတာလဲ'

မြောက်မြားစွာ​သော စာအုပ်​တွေကြား လူက က​ယောင်​ချောက်ခြား၊ ရူး​တော့မှာပဲ .. ​​​ကြောင်​တောင်​တောင် concept​တွေ Tests ​​တွေကြား ဘာက ဘယ်လိုမှန်းပင် မသိ​တော့။

(ကိုယ်က psycho majorက မဟုတ်​တော့ မှားသွားရင် sorryပါ​😁)

အ​မေ့ကိုဖုန်းဆက်ညီးရင် သူပဲ ပိုအ​ပြောခံရမှာ။ ဟိုလူကြီးကို ​ပြောပြန်ရင်လဲ နားလည်​မှာ မဟုတ်။

'မသိ​​တော့ဘူးကွာ'

တစ်ပတ်ပဲလို​တော့တဲ့ စာ​မေးပွဲကြီးမှာ အခုထိ ဘယ်ဘာသာကမှ ​ကိုယ်နဲ့ အကျွမ်းတ၀င် မရှိ​သေး။

'Minho .. ငါ​​တော့ ခုမှတကယ် ငိုချင်လာပြီ'

Baekhyun ငိုသံကြီးနဲ့ ညီး​တော့ Minhoက စာဖတ်​နေရာက သူ့ကိုလှမ်းဆဲသည်။

'ဖွန်​ကြောင်တာများ​တော့ စာ​မေးပွဲ​တွင်း​ရောက်​တော့မှ မရှူနိုင် မကယ်နိုင်ဖြစ်ပြီ​ပေါ့'

နှုတ်ခမ်းကြီးကို ချိတ်​ပြော​​နေတာက မိန်းမကြီးကျလို့

'ဘာမှဖွန်မ​ကြောင်ဘူး .. ဒါနဲ့ ငါ​​မေးပါဉီးမယ် .. မင်းကကျ စာရပြီ​ပေါ့ ဟုတ်လား'

'ဒါ​ပေါ့'

Baekhyun ​မေးတာကို အနှီ​ကောင်က ​ဆောင့်ကြွားကြွား​ ပြန်​ဖြေသည်။

'​စောင်သစ္စာဖောက်​ကောင်'

အနှီ​ကောင်ရဲ့ စိတ်ကြီးဝင်​နေတဲ့ ရုပ်ကို ကြည့်ရင်း ​သူနာနာ ဆဲပစ်လိုက်​တော့သည်။ ဘာပဲဖြစ်ဖြစ် ​မ​အောင်​အောင်ကို ​ဖြေပြမယ်။ ​ရှေ့ကစာအုပ်ကြီး ဆွဲလှန်လိုက်​တော့ အခုမှ မြင်ဖူးတဲ့ ပုစ္ဆာအသစ် ㅜㅜ

Sleep With ME (Z+U)Where stories live. Discover now