[2]

6.1K 877 121
                                    

မနက်ခင်း နေရောင်ခြည်က မျက်လုံး စူးလောက်အောင် ထိုးနေတာကြောင့် Baekhyun စိတ်ညစ်ညူးစွာ တစ်ဖက်လှည့်လိုက်မိသည်။

'ကျေးဇူးပြုပြီး မင်းနိုးလဲ လိုက်ကာမဖွင့်ပါနဲ့လား အမောင် Minho shi'

Baekhyun မျက်နှာကို ခေါင်းအုံးနဲ့ ဖိထားကာ ပြောတော့ Minhoက သန့်စင်ခန်းမှ ထွက်လာသည် ထင်တယ် .. ရေချိုးဆပ်ပြာနံ့က နှာခေါင်းထဲ ထောင်းခနဲ။

'မင်းဆပ်ပြာနံ့ကြီးက ဆိုးလိုက်တာကွာ မွှေးအီနေတာပဲ'

Baekhyun ချက်ချင်းပင် တစ်ဖက်လှည့်လိုက်ရသည်။ ကိုယ်တိုင်က အသီးအနှံတွေနဲ့ လုပ်တဲ့ သဘာဝ ပစ္စည်းတွေပဲ သုံးလို့ထင်တယ် .. ခုလို ချိုအီနေတဲ့ အနံ့တွေရရင် ခေါင်းထဲ မူးနောက်နောက် ဖြစ်တတ်သည်။ အဲ့တာကြောင့် ရေမွှေးဆွတ်ရင်တောင် သစ်သီးနံ့ လွင်လွင်လေးတွေပဲ ရွေးဆွတ်လေ့ရှိသည်။

'ငါလဲ မင်းကိုမေးချင်တယ် .. ဘယ်အချိန်မှ ထမှာလဲ '

Minhoက သူ့နားကို လာရပ်လေသည်။

'သားလေး .. ၉နာရီထိုးဖို့ ၁၅မိနစ်ပဲ လိုတော့တယ် ခင်ဗျ'

Minhoရဲ့ ၁၅မိနစ်အလိုဆိုတဲ့ အသံဟာ Baekhyunနားထဲ ဗုံးတစ်လုံး ပေါက်သွားသည့်အလား .. ချက်ချင်းပင် အိပ်ရာထဲက ကဆုန်ပေါက်ထကာ သန့်စင်ခန်းဆီ တန်းပြေးရတော့သည်။

'လခွမ်း .. ငါ့ကို အစောကြီးထဲက မပြောဘူး သောင်ကောင် Minho'

ရေချိုးနေရင်းပင် Baekhyun အော်ဆဲမိသည်။ မနေ့ကလဲ thesisအတွက် စာမရ .. အခုလဲ အတန်းနောက်ကျဆို ပါပါက သူ့အား ရေစက်ချတော့မှာ သေချာသည် :"))

'ငါသွားပြီ Baekhyunလေး .. သားကြီး ၅မိနစ်ပဲ လိုတော့တယ်နော် .. အဟက်'

Minhoလှမ်း ပြောသည်ကို ကြားကြားချင်းပင် Baekhyun ရေချိုးခန်းထဲမှ လှမ်းဆဲမိတော့သည်။

'ခွေးကောင် $#$$#'

~~~~~~~~~~~~

ရေမိုးချိုးပြီး ဖိနပ်ပင် မစီးနိုင်ပဲ လှေကားထစ်တွေကို ကျော်ခွသွားပြီး အဆုံးတွင် အဆောင်အောက် ရောက်လာခဲ့သည်။

နာရီကို ကြည့်လိုက်တာ့ Wt*!!
၂မိနစ်ပဲ ကျန်တော့သည်။ Psychoဆရာမကြီးက အချိန်တိကျတဲ့သူ ဖြစ်တာကြောင့် ၉နာရီ ဒေါင် ဆိုတာနဲ့ အခန်းထဲ ၀င်လေ့ရှိသည်။

Sleep With ME (Z+U)Where stories live. Discover now