[7]

7.2K 957 283
                                    

Zawgyi

အရဲစွန့်ပြီး ဖွင့်ပြောလိုက်ခြင်း အဆုံးမှာ Baekhyun မျှော်မှန်းထားတာက အလုပ်ပြုတ်ခြင်း ဆိုတာပင်။ ဒါပေမယ့် အ​ခြေအ​နေ​တွေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထိုလူကြီးရဲ့ တုံ့ပြန်မှုကြောင့် Baekhyun စိတ်လွင့်နေတဲ့ သူတစ်ယောက်လို အရာအားလုံးကို လက်လှမ်းမမှီသေး။

ထိုလူကြီးက တကယ်ပဲ သူ့ကို ... တကယ် ... နမ်းလိုက်တာလား!!!!!

ပြင်းပြင်းထန်ထန် စကားလုံးတွေ အစား နှူတ်ခမ်းတစ်စုံနဲ့ ထိကပ်ခြင်းခံလိုက်ရတာ​ကြောင့် Baekhyun ​နေရာမှာပင် ကြက်​သေ​သေ ​နေမိသည်။

ဒါဟာ သူ့ရဲ့ ပထမဦးဆုံး အနမ်း~

'နေ့လည်စာ စားပြီးပြီလား'

'Baekhyun'

လူကို အနည်းငယ် လှုပ်မေးလာတဲ့ လူကြီးကြောင့် Baekhyun အသိစိတ် ပြန်ကပ်လာသည်။ ထိုလူကြီးကို မော့ကြည့်လိုက်တော့ သူ့ရဲ့ အဖြေကို စောင့်စားနေသည်။

Baekhyun အဖြေစကားအစား ခေါင်းခါပြ​​တော့

'အဲ့တာဆို ကိုယ်နဲ့အတူ နေ့လည်စာ သွားစားကြမလား'

လူကို ခွင့်တောင်းသလို ကြည့်လာတဲ့ မျက်ဝန်းတွေကြောင့် Baekhyun မငြင်းဆန်ပဲ ခေါင်းညိမ့် ပြလိုက်သည်။

ရုံးခန်းက ထွက်လာပြီး ဓာတ်လှေကားထဲ ရောက်တဲ့အထိ သူတို့ စကားတစ်လုံးမှ မပြောရသေး။ ခုနက အ​​ခြေအ​​နေကြီးသည် သူတို့ကို ​နေရခက်​​​စေတုန်းပင်။

အောက်ထပ်ကိုရောက်တော့ သူနဲ့Chanyeol အတူထွက်လာတာကို မြင်တော့ ၀န်ထမ်းတချို့က စူးစမ်းလိုတဲ့မျက်လုံး​တွေနဲ့ ကြည့်လာသည်။ ဒီလိုကြည့်ခံရတာ Baekhyun အတွက်က ဘာမှမဖြစ်​ပေမယ့် ဟိုလူကြီးအတွက် မ​ကောင်းတာ​ကြောင့် Baekhyun ယှဉ်​လျှောက်​နေရာမှ ​ခြေလှမ်း​​တွေကို မြန်လိုက်မိသည်။

ထိုအချိန်မှာပဲ သူ့ပုခုံးပေါ် ရောက်လာတဲ့ လက်တစ်ဖက်။ Baekhyun ဘေးကို အကြည့်ပို့လိုက်တော့ လက်တစ်ဖက်က သူ့ပုခုံးပေါ် တင်ထားပြီး ကျန်လက်တစ်ဖက်က ဘောင်းဘီ အိတ်ကပ်ထဲကို စတိုင်တကျ ထိုးထည့်ထားသော လူကြီးကို တွေ့ရသည်။ ဒါ​ပေမယ့် ထိုလူကြီးကတော့ သူ့ကိုကြည့်မနေပဲ ရှေ့ကိုကြည့်၍သာ ပုံမှန် လမ်းလျှောက်နေသည်။

Sleep With ME (Z+U)Where stories live. Discover now