[17]

2.3K 593 88
                                    

Unicode(Zawgyi 👇)

နှုတ်ခမ်း​ပေါ်က စိုစွတ်လာတဲ့ အထိအ​တွေ့ကို ခံစားလိုက်ရတဲ့တစ်ခန Baekhyun အသိစိတ်​၀င်လာ​လေသည်။ သူအခုဘာ​တွေလုပ်မိ​နေတာလဲ? တစ်ပြိုင်နက်တည်းမှာပင် နူးညံ့ညင်သာစွာ ဆွဲယူခံ​နေရ​သော နှုတ်ခမ်း​ဖျား​​တွေကြောင့် လူက​ခြေမခိုင်ချင်​။

အခုလို သာယာ​နေမိတဲ့ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ မုန်းမိပြန်သည်။ တကယ်ဆိုချက်ချင်း ငြင်းပယ်ခဲ့သင့်တာ မဟုတ်လား! ဦး​နှောက်ကသာ ပြတ်ပြတ်သားသား​ ဆုံးဖြတ်ချက်​တွေ ချ​နေ​ပေမယ့် ကိုယ်ကဆန့်ကျင်ဘက်​သာ။

​​လူ​စိတ်ရှိရင် သူတို့ တကယ် ​တော်သင့်​နေပြီ​မလား! တရား၀င် ပိုင်ရှင်ရှိ​ကြောင်း ​ကြေညာခဲ့ပြီး အခုမှ သူ့ကို သနားခံ​နေတဲ့ မျက်၀န်း​တွေကို သူထပ်မမြင်ချင်​တော့သလို ကိုယ့်ကို သူစိတ်ရှိအတိုင်း ပြုမူ​နေတာ​တွေကို ဆက်လက်မခံချင်​တော့။

ရုန်း​လေ​နစ်​​လေ​ ဖြစ်​နေတဲ့ သံသရာထဲ ကိုယ်ရုန်းလေ ပိုခိုင်တဲ့ကြိုး​တွေနဲ့ ချည်​နှောင်မိလေ။နောက်ဆုံး သိလိုက်ရတာက မရုန်း​တော့ပဲ ကိုယ်တိုင် ဖြတ်ပစ်မှ ပြတ်​တောက်မယ် ဆိုတဲ့ သ​ဘောတရားကို​ပေါ့။

အားကုန်သုံးကာ လက်နှစ်ဖက်နဲ့ ရင်ဘတ်တွန်းဖယ်ပစ်လိုက်​​မိသည်။ ​ခြေနှစ်လှမ်းစာ​​နောက်ဆုတ်မိသွားတဲ့ သူကကိုယ့်ကို နားမလည်တဲ့ မျက်၀န်း​တွေနဲ့ ကြည့်​လာသည်။

'အခုချိန်မှာ ဒီလိုအ​​ခြေအ​နေထိ ဖြစ်သွား​အောင် လုပ်ယူမိခဲ့တဲ့ ကျွန်​တော့်ကို ကျွန်​တော်နောင်တအရဆုံးပဲ'

ငိုလို့မ​ရ​လောက်​အောင် ရင်ဘတ်ထဲ ဆို့နင့်​တင်းကျပ်​နေသည်။ ဘယ်​နေရာကစမှားလဲ မသိ​လောက်​အောင် အရာရာက အပျက်ပျက်အယွင်းယွင်း။ သူနဲ့တစ်​နေရာတည်း အတူရပ်​နေရတာနဲ့ပင် Baekhyun အသက်ရှူရ ကြပ်​နေ​လေပြီ။

'မဟုတ်ဘူး .. ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ Baekhyun ..  ဒါ​တွေဟာ Baekhyun အမှားလုံး၀မဟုတ်ဘူး ~ ကိုယ်မှားတာ အားလုံးကိုယ်ပဲမှားခဲ့တာ'

အရည်လဲ့​နေတဲ့ မျက်၀န်း​တွေမှာ ​တောင်းပန်တိုးလျှိုးမှု​တွေ ပြည့်နှက်​နေသည်။ ​လောကကြီးမှာ မှားမှန်းသိရက်နဲ့ ကျူးလွန်​နေတဲ့သူကို မိုက်ရူးရဲဆန်သူ ဆိုပြီးသမုတ်ကြတယ်။

Sleep With ME (Z+U)Where stories live. Discover now