[15]

2.5K 706 94
                                    

Unicode (Zawgyi👇)

​ပိတ်ရက်​တွေ ကုန်လွန်အပြီး ​​နောက်ဆုံးနှစ် ​ကျောင်းတက်ရန် သူဆိုးလ်မြို့ကို ပြန်လာရ​တော့သည်။ ဒီရက်​တွေမှာ ဘယ်​လောက်ပဲ စိတ်ပြင်ဆင်ထားတယ် ​ပြော​ပြော တကယ်တမ်းကျ သူ့စိတ်ထဲ အရင်လို ပူ​နွေးတဲ့ ခံစားချက်​​တွေ ရှိ​နေဆဲ။

ဆိုးလ်ကို သူကိုယ်တိုင် လိုက်ပို့​ပေးပါ့မယ်ဆိုပြီး ကိုယ့်ကို ​ဖော်​ဖော်​ရွေ​ရွေ ​ပြောခဲ့​သော  WooJinကို သူအတင်းငြင်းခဲ့ရသေးသည်။ ဒီခရီးမှာ သူတစ်​ယောက်တည်း ရှိ​နေချင်သည်။ ​ဘယ်သူနဲ့မှ စကားစမြည်မ​ပြောချင်ပဲ တစ်​ယောက်တည်း တိတ်တဆိတ် ​နေချင်သည်။

၃နာရီ​ကျော်သာ ​မောင်းနှင်ရ​သော ခရီးသည် မနက်၆နာရီမှ စထွက်လာခဲ့တာ မနက်၉နာရီကွက်တိ ဘူတာရုံတွင် စိုက်သည်။ ခရီး​ဆောင်အိတ်ကိုဆွဲရင်း ​ရထား​ပေါ်က ဆင်းလာခဲ့သည်။ ​​နောက်​ဆုံးမှာ သူမလာချင်ခဲ့တဲ့မြို့ကို ​ရောက်လာခဲ့ပြီ။

မနည်းမများ လူထုသည် ရထား​ပေါ် တက်သွား​တော့ စင်္ကြံတွင် လူ ဆယ်​ယောက်​လောက်သာ ကျန်​တော့သည်။ ထိုလူ​တွေထဲ ကိုယ်နဲ့ သိတဲ့လူတစ်​ယောက်တစ်​လေမှ ရှိမ​နေ။ အကယ်၍ ကိုယ်သာသူနဲ့ လမ်းမခွဲဖြစ်ခဲ့ရင် အခုချိန်မှာ ကိုယ့်ကိုလာပြီး အပြုံး​တွေနဲ့ ကြိုဆို​နေလိမ့်​လေမလား။

ပထမဆုံး​နေ့မှာတင် တစ်​ယောက်​သောသူကို သတိရမိသွားပြန်​တော့ ကိုယ့်အဖြစ်ကိုကိုယ် ရယ်မိသွားသည်။ Byun Baekhyun တို့က အခုထိ အမှတ်မရှိ​သေးဘူး ထင်တယ်။

စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကို ခပ်ကြမ်းကြမ်းဆွဲဖွလိုက်ရင်း ကျောပိုးအိတ်ထဲက maskအနက်​ရောင်ကိုထုတ်ကာ တပ်လိုက်သည်။ မျက်ကပ်မှန်မတပ်ချင်​တော့တာ​ကြောင့် မျက်မှန် ပြန်တပ်​နေတာ ရက်ပိုင်း​လောက်ရှိ​နေပြီ ဖြစ်တာ​ကြောင့် သူ့ပုံစံက ရုတ်တရက်ဆို ​ဘယ်သူမှ မှတ်မိမှာမဟုတ်။

သိုသိုသိပ်သိပ် ​နေ​လေ့မရှိ​ပေမယ့် အခုချိန်မှာ ဒီလိုမျိုး တိတ်ဆိတ်ငြိမ်သက်ပြီး လူ​​တွေရဲ့ အကြည့်​တွေကိုမလိုလား​ပေ။ ဘယ်သူမှမရှိမှန်း သိ​နေ​ပေမယ့် ဒီလိုမျိုးက သူ့စိတ်ကို ပိုပြီးသက်​တောင့်သက်သာ ဖြစ်​စေသည်။

Sleep With ME (Z+U)Where stories live. Discover now