[9]

4.6K 784 128
                                    

《Zawgyi》



ပခုံးထက် အချိန်အ​တော်ကြာ ငို​နေ​​သော ​ကောင်​လေးရဲ့ ​ခေါင်း​​လေးကို Chanyeol အ​ပေါ်မှ အုပ်ကိုင်လိုက်သည်။

'မငိုနဲ့​တော့​လေ'

က​လေး​တွေကို ​ချော့မြူရသည်မှာ တကယ်ခက်ခဲသည် .. အခုလဲ ​ကောင်​လေး အငိုတိတ်ရန် သူတစ်ခုခု ကြိုးစားရ​လေသည်။

ခေါင်း​​လေးကို အသာအယာ ဖွဖွ​လေးပွတ်​တော့ အနည်းငယ်လှုပ်ရှား လာသည်ကို ခံစားရသည်။ ချက်ချင်းပင် ​ခေါင်း​ထောင်လာသည်။

'ကျွန်​တော့်ကို ဆိုးတယ်လို့ ထင်​နေပြီလား'

ထိုငိုမဲ့မဲ့ မျက်နှာ​​လေးသည် မြင်သူတကာကို ဂရုဏာ​သက်​စေချင်စရာ။ စ​တွေ့တုန်းက ဒီ​ကောင်​လေးကို ဒီလိုချွဲတတ်တဲ့ ဒီလို စကား​တွေကို အသည်းယား​အောင် ​ပြောတတ်မယ်လိမ့်လို့  Chanyeol မထင်ထား။

'ဘယ်သူက ဆိုးတယ်လို့​​ပြောလဲ'

နီရဲ​နေတဲ့ နှာထိပ်​လေးကို လက်ညှိုး​လေးနဲ့ဖွဖွ​လေး တောက်​လိုက်သည်။

'Chanyeol .. ထင်​နေမှာစိုးလို့'

နှုတ်ခမ်း​လေးကို မပွင့်တပွင့်​နဲ့ သူ့ကို ​စကား​တွေဆို​နေ​သော ​ကောင်​လေး၏ မျက်လုံး​တွင် သူစိတ်ဆိုးမှာ​ကြောက်တဲ့ အရိပ်အ​ယောင်​လေး​တွေပါ မြင်ရသည်။

'​ကိုယ်က ဘာလို့ ကိုယ့်​ကောင်​လေးကို ဆိုးတယ်လို့ထင်ရမှာလဲ'

Chanyeol ပြန်​ဖြေတဲ့စကားကို ကြား​တော့ ထို​က​​လေးမျက်နှာ​လေး ပြုံး​ယောင်သမ်းသွားသည်။

တကယ့်ကို တက္ကသိုလ်​ကျောင်းသား ​ပေါက်စ​လေး .. တတိယနှစ်ထက် ပထမနှစ်​ကောင်​လေးလို့ ​ပြောရင် ပိုယုံကြလိမ့်မည်။

'အခု ကိုယ့်ကို စိတ်ဆိုး​​​ပြေပြီလား'

နူးအိ​နေတဲ့ ဆံပင်​လေး​တွေကြား လက်​ချောင်း​တွေနဲ့ လှုပ်ခတ်ရင်း Chanyeol ​စကားဆက်မိသည်။

'ကျွန်​တော် ~ စိတ်မဆိုးပါဘူး'

'ကျွန်​တော်က ဒီတိုင်း စိတ်မ​ကောင်းနည်းနည်း ဖြစ်သွားတာပါ'

လက်ဖျား​လေးကို ညှစ်လိမ်ရင်း သူ့အကြည့်​တွေကို ​ရှောင်ရှားကာ ​​ဖြေ​လေသည်။

Sleep With ME (Z+U)Where stories live. Discover now