[13]

5.3K 892 285
                                    

Unicode (Zawgyi👇)

ဒီ​နေ့ဟာ အရင်​​နေ့​တွေကလိုပင် Baekhyun အတွက် ​​​ထွေ​ထွေထူးထူး မရှိ​​။ က​လေး​တွေဆီသွားတယ် စာသင်တယ် အိမ်ပြန်တယ် .. ​နေ့တဒူ၀ကိစ္စ​တွေထဲ Chanyeol မပါရုံကလွဲပြီး အရာအားလုံးက ပုံမှန်လည်ပတ်​အတိုင်း လည်ပတ်​နေသည်။

ပုံမှန်မဟုတ်​တော့တာ သူနဲ့နှစ်​ယောက်ရဲ့ ဆက်ဆံ​ရေးသာ ဖြစ်လိမ့်မည်။

အရင်လို​ ညတိုင်း ဖုန်း​​ပြောရင်​ပြော မဟုတ်ရင် Video call ​ပြော​​ဖြစ်ကြသည့် အချိန်​တွေနဲ့ ခြားနားစွာ ဖုန်းမ​​ပြောဖြစ်ကြ​တော့သလို မက်​ဆေ့ဂျ်​တွေလဲ မပို့​​တော့။

အေးစက်သွားတဲ့ ဆက်ဆံ​ရေးဟာ ကြာလာ​လေ ပိုဆိုးလာ​လေ။ အရင်လိုဖုန်း​ခေါ်တိုင်း ကိုယ့်နာမည်​ခေါ်တတ်သော လူသည် အခုဆို ဖုန်းပင်မကိုင်​တော့။ လွမ်းတယ်ဟု မကြာခန​ရ​ပြောလေ့ရှိ​သော သူသည် အခု​တော့ သူ့ကို သတိမရ​တော့ဘူး ထင်တယ်။

​ပြောင်းလဲလာတဲ့ အ​ကြောင်းအရင်းကို ​မေးမယ် ဖုန်းဆက်​တော့ အရင်လို ပြန်လည်​ဖြေကြားခြင်းမရှိနဲ့သာ အခါခါတိုးသည်။ အကို JinYoungက တဆင့်​မေး​တော့ အလုပ်များ​နေတယ်ဆိုတဲ့ ​ခေါင်းစဥ်​အောက်သာ ဆွဲသွင်းထားသည်။

ကြာလာ​တော့ သူဒီလို​တွေ လုပ်​နေရတာ ပင်ပန်း​နေပြီ။ ဘယ်​လောက်ပဲ အဆင်​ပြေဖို့ ကြိုးစားကြိုးစား ကိုယ်ဆက်တဲ့ဖုန်း​တွေကို မကိုင်မြဲ ​နောက်​တော့ စာ​တွေကိုပါ မဖတ်​တော့တဲ့အထိကို ပိုပိုဆိုးလာခဲ့သည်။ အရင်ကစာ​တွေကို အနည်းဆုံး​တော့ ဖတ်​သေးသည်။ အခု​တော့ သူပို့တဲ့ စာ​တွေကို မဖတ်တာ ​လေးရက် ငါးရက်ရှိ​နေပြီ။ ဒါ​တွေဟာ ကြာလာ​တော့ အချိန်မရှိတာထက် လျစ်လျူရှုခြင်းဆိုတဲ့သ​ဘောပင် ဖြစ်​နေ​ခဲ့သည်။

​ဒီလိုမျိုးသာဆို ကျွန်​တော်တို့ ​ဘယ်လို​ရှေ့ဆက်ကြမှာလဲ Chanyeol!

~~~

​တစ်မနက်လုံး တစ်ခန်း၀င် တစ်ခန်းထွက် ပညာဒါနပြုအပြီးတွင် ​နေ့လည်စာ ထမင်းစားနားချိန်သို့ ​ရောက်လာခဲ့သည်။ Baekhyun ဗိုက်မဆာတာ​ကြောင့် စာသင်​ဆောင်​ရှေ့ဆီက မြက်ခင်းပြင်​ပေါ် သွားကာ ​ခြေဆန့်လက်ပစ် ထိုင်ကာ မျက်စိတို့ကို မှိတ်ထားရင်း စိတ်​တွေကို ​ဖြေ​လျော့ထားသည်။

Sleep With ME (Z+U)Où les histoires vivent. Découvrez maintenant