သားရယ်.....။
...................
" ကျွန်တော်သွားမယ် "
" ဘာ "
.......
...........
အမြည်းလာပေးတာပါ...။
"အားး မှားပါတယ် ။ ကျွန်တော် မှားပါတယ် ။ ခင်ဗျား ဒီလို ထွက်သွားလို့မရဘူးနော် ။ မထိုးပေးနိုင်ဘူး ဒီကွာရှင်းစာချုပ်က ကျွန်တော့အတွက် အသုံးမဝင်ဘူး ။ ပြန်လာပါ ရှောင်းကျန့် ခင်ဗျား ကျွန်တော့ကို တစ်ကယ်ချစ်တယ်ဆို ကျွန်တော့နားကို ပြန်လာပေးပါ "
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"အားး မှားပါတယ် ။ ကျွန်တော် မှားပါတယ် ။ ခင်ဗျား ဒီလို ထွက်သွားလို့မရဘူးနော် ။ မထိုးပေးနိုင်ဘူး ဒီကွာရှင်းစာချုပ်က ကျွန်တော့အတွက် အသုံးမဝင်ဘူး ။ ပြန်လာပါ ရှောင်းကျန့် ခင်ဗျား ကျွန်တော့ကို တစ်ကယ်ချစ်တယ်ဆို ကျွန်တော့နားကို ပြန်လာပေးပါ "
ဝမ်ရိပေါ် ငိုကြွေးနေတဲ့ မျက်ရည်စတွေနဲ့ ဆေးရုံ ကုတင်ပေါ်မှာ ပတ်တီးအဖွေးသားနဲ့ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို လှုပ်နိုးနေမိတယ် ။
ထင်မထားဘူး ဒီလို ဖြစ်သွားလိမ့်မယ်လို့ ။ သူ ကို အားချင်းက လက်ဆွဲထွက်သွားတော့ အပါးနဲ့ စကားအနည်းငယ်ပြောပြီး ထွက်သွားတဲ့ daddy က သူ့ကားကို သူများကားနဲ့ ခေါင်းခြင်းယှဉ်တိုက်ပြစ်တာတဲ့..။ မရဘူးနော် သူ့ယူထားတဲ့ ယောကျာ်း ကျွန်တော့ကို ဒီအတိုင်းထားပြီး သူ ဒီအတိုင်းထွက်သွားလို့ မရဘူး...။
အမှတ်တမဲ့နဲ့ ရှောင်းကျန့်ပါးကို ထိုးမိတဲ့ သူ့လက်ကိုလည်း သူ အပြစ်ပေးထားပြီးပြီလေ ။ သွေးစက်လက်နဲ့ ရိပေါ် လက်တစ်ခုလုံးက ညိုမဲ ပုတ်လို့ ။
" ရှောင်းကျန့် ကျွန်တော်လည်း ခင်ဗျားကို ချစ်တယ်လေ ။ ပါပါး တစ်ယောက်လို မဟုတ်ဖူး ယောကျာ်း တစ်ယောက်လို ။ ပြန်လာခဲ့ပါ ။ ဒါကြောင့် ခင်ဗျား ကျွန်တော့နား ပြန်လာခဲ့ပါ "
ဆေးပိုက်တွေတန်းလန်းနဲ့ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကတော့ ရိပေါ် စကားတွေ မကြားနိုင်စွာ...။
" သား ရိပေါ် လက်ကဆေးထည့်ရအောင်လေ "
ထိုင်ငိုနေတဲ့ ရိပေါ် ပခုံလေးပေါ် လက်တင်လာတဲ့ ဝမ်ရိချန်းလက်တွေ....
" ဖယ် ခင်ဗျား ကျွန့်တော့ကို မထိနဲ့ ။ ခင်ဗျား ကြောင့်မလို့ သူဒီလို ဖြစ်သွားရတာ "
ရိချန်လက်ကို ရိုက်ထုတ်ပြီး ပြောလာတဲ့ ဝမ်ရိပေါ် စကားတွေ....။
" သား "
" မခေါ်နဲ့ ခင်ဗျားရဲ့ သားက ကျွန်တော် မဟုတ်ဘူး "
" ရိပေါ် "
" မခေါ်နဲ့လို့ ခင်ဗျား ကျွန်တော့ကို ခေါ်စရာမလိုဘူး "
နောက်ဆုံး ဝမ်ရိချန်း သူ့ကို ခါးခါးသီးသီး ဖြစ်နေတဲ့ ဝမ်ရိပေါ်နားက ထွက်လာခဲ့လိုက်တယ် ။
သားရယ်.....။
...................
" ဦးကျန်းချန် ဘာကိစ္စလည်း ကျွန်တော့ကိုပြော "
ဆေးရုံခန်းထဲ ရှောင်းပါးနဲ့ အတူ မျက်နှာ မကောင်းစွာ ဝင်လာတဲ့ ကျန်းချန်ကို ရှောင်းကျန့်ရဲ့ လက်လေးတွေ ရေစိုဝတ်လေးနဲ့ သုတ်ပေးနေတဲ့ ဝမ်ရိပေါ် က ဖမ်းမေးတယ် ။
" ဟို..ဟို ရှောင်းကျန့်က သတိမေ့နေတယ်ဆိုလို့ ရှယ်ယာရှင်တွေကြားမှာ ဆူပူမှု ဖြစ်နေလို့ "
" ကျွန်တော်သွားမယ် "
" ဘာ "
" ကျွန်တော် သွားမယ်လို့ ။ Daddy ရဲ့ ကုမ္ပဏီကို daddy ရဲ့ ယောကျာ်းအနေနဲ့ ကျွန်တော် သွားမယ်လို့ "
.......
...........
အျမည်းလာပေးတာပါ...။
မေတ္တာပို့တဲ့သူတွေများနေလို့ ။
အခါးဆုံး ပြီးသွားပြီဆိုတော့ အချိုဆုံးလေးတွေပဲ လာတော့မှာပါ...။
ခါးသွားတယ်ဆိုရင် ခွင့်လွတ်ပါဗျာ...။ 😢
DADDY 💜 ( Completed )Where stories live. Discover now