💜 S3 EP - 27 💜

Comenzar desde el principio
                                    

ဦးဇိုင်း မှာ လူနာခန်းထဲရှိ စားပွဲမှာထိုင်ပြီး သတင်းစာကိုယူကာဖွင့်လိုက်ပြီး မျက်မှန်ကိုပင့်တင်ကာ ဖတ်နေလိုက်သည် ။

ဇိုင်းသုတ ကတော့ နှိုင်း နဲ့ Demon အတွက်ဝယ်လာတဲ့ မနက်စာနှစ်ခုထဲက Demon အတွက်ကိုတစ်နေရာမှာချိတ်ထားလိုက်ပြီး နှိုင်းလေး အတွက်မနက်စာကိုတော့ ပန်ကန်ထဲထည့်ကာ အပူပေါင်းစက်ထဲသေချာထည့်ရန်လုပ်နေသည် ။

(AN /  ယောက်ဖကိုအဲ့လောက်ချစ်တာ😆 )

Demon သည် ဇိုင်းသုတ ရဲ့ မကျေမနပ်နဲ့ ပြော​နေတဲ့အသံတွေကြောင့်အိပ်နေရာမှ နိုးလာခဲ့သည်

* ကျစ် ! F**K ပဲ ဒီ အာကျယ်ကောင်ကတော့ကွာ ကိုကို့ အကိုကြီးသာမဟုတ်ရင်မလွယ်ဘူး*

Demon ဟာ ဇိုင်းသုတ တို့ရောက်နေမှန်းသိပေမယ့် မထချင်သေး ။ သို့သော် သူ့အိပ်နေတာဟာ နှိုင်း ရဲ့ ရင်ခွင်ထဲမှာဖြစ်နေတာကြောင့် စိုးရိမ်သွားပြီး ခေါင်းကြွကာ အသာလေး ဖြေးဖြေးချင်းဖယ်ခွာပြီး ထ လိုက်သည် ။

* ညက ကိုကို က ငါ့လက်မောင်းပေါ်မှာအိပ်တာပါ .. ဘယ်လိုလုပ် ကိုကို့ရင်ခွင်ထဲရောက်နေတာလဲ *

" ဟေး ခင်ဗျားရောက်လာရင်တောင် လူနာခန်းမှာ အဲ့လိုလျှောက်အော်မနေသင့်ဘူး "

မနက်စာကို သူ့ညီ အတွက် ပေါင်းစက်အသေးထဲထည့်နေတဲ့ ဇိုင်းသုတ ဟာ Demon ရဲ့ အသံကြောင့်မျက်မှောင်ကျုံ့ကာ လှည့်ကြည့်လာသည်။

" လူနာခန်း .. တော်သေးတယ် ဒီအခန်းက လူနာခန်းဆိုတာမင်းသိသေးတာကျေးဇူးတင်ရမယ် "

မျက်မှောင်ကျုံ့ကာ ခါးထောက်လျှက် ဇိုင်းသုတ ပြောလိုက်တော့ Demon က ဇိုင်းသုတ ကို အေးစက်တဲ့အကြည့်တဲ့တစ်ချက်ကြည့်ကာ ဂရုမစိုက်ဘူးပုံစံနဲ့ပခုံးနှစ်ဖက်တွန့်ပြကာ.. အိပ်ပျော်နေတဲ့ နှိုင်းလေးဘက်လှည့်ပြီး စောင်ပါးလေးကိုသေချာခြုံပေးနေလိုက်သည် ။

Demon လုပ်ပြတဲ့အပြုအမူကြောင့် ဇိုင်းသုတ အံကြိတ်ကာ ကြိတ်မနိုင်ခဲမရဖြစ်နေပေမယ့် ဦးဇိုင်း ကတော့ Demon နဲ့ ဇိုင်းသုတ ကိုကြည့်ပြီး သဘောခွေ့နေတော့သည် ။

သူတို့နှစ်ယောက်လုံးဟာ ထိုသို့စကားအခြေအတင်နဲ့ တစ်ယောက်နဲ့တစ်ယောက်နဲ့မတည့်ကြပေမယ့် နှိုင်းလေး ကို ချစ်ကြတာမို့ အတိုက်ခိုက်ကြီးကြီးမားမားဖြစ်ကြမှာမဟုတ်ဘူး ။ ဒါ့အပြင် သူတို့နှစ်ယောက်လုံးက ငယ်ရွယ်ပြီးအင်အားကိုယ်စီရှိတယ် အနာဂတ်မှာ ဦးဇိုင်း တို့ အိမ်တော်က သားစဥ်မြေးဆက်နဲ့ တန်ဖိုးထားပြီး စောင့်ရှောက်ရမယ့်သူတွေကိုဘယ်သူကမှအန္တရယ်ပေးနိုင်မှာမဟုတ်တော့ဘူး။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Donde viven las historias. Descúbrelo ahora