တုရှန်းအာအကြောင်း ထည့်ပြောတဲ့အခါမှာ နလန်ရှင်းရဲ့ လေသံဟာ လေးစားမှုအရိပ်အယောင်တွေ ပါဝင်နေတယ်။

ဘယ်သူမှ တုရှန်းအာကို တခါမှ မမြင်ဖူးကြသော်လည်း မိန်းကလေးတယာက်ရဲ့ စွမ်းအားနဲ့ မိုရဲ့ အင်အားဟာ နှစ်ဆတိုးတက်လာတာတွေ၊ သူတို့အင်အားစုနယ်ပယ်လည်း ဘယ်လောက်မှန်း မှန်းဆမရအောင် တိုးပွားလာစေတာတွေကြောင့် ဒီမိန်းကလေးဟာ ဘယ်လိုလုပ် သာမာန်မိန်းကလေးဖြစ်ရမှာလဲ? သို့ပေမယ့် ဒီတုရှန်းအာ ပေါ်လာပုံနဲ့ ပျောက်ကွယ်ပုံက တကယ်ကို ခန့်မှန်းလို့ မရနိုင်ဘူး။ သူမနဲ့ ပတ်သက်တဲ့ ကောလဟလတွေ အများကြီးရှိပေမယ့် သူမကို မြင်ဖူးပြီး အသက်ရှင်ကျန်တဲ့သူဆိုတာ တကယ်ကို ရှားပါးလှတယ်။

"ဝမ်ရယ်... ရက်အနည်းငယ်က မိုယုကဖန်ရှင်း ဖိုရှန်မင်ကို ရောက်လာပြီး ဝမ်ရယ်ကို ရှာသေးတယ်... သူက လေလိုက်ကမ်းပါးကို ဝယ်ချင်နေတာ... ဒါပေမယ့် ကျွန်တော်တို့လူတွေရဲ့ ငြင်းဆန်ခြင်းကိုပဲ ခံလိုက်ရတယ်"

"လေလိုက်ကမ်းပါးလား? ဘာလို့သူတို့က လေလိုက်ကမ်းပါးကို ဝယ်ချင်ရတာလဲ?"

ဖုန်းချန်က ထရပ်လိုက်တယ်။ မိုယုက လေလိုက်ကမ်းပါးကို ဝယ်ချင်တယ်ဆိုတဲ့ ကိစ္စကို သူစိတ်ဝင်စားသွားတယ်။

"အရင်က ဝမ်ဖေးလည်း လေလိုက်ကမ်းပါးအကြောင်းကို ပြောပြီး မြေနေရာက မဆိုးဘူးလို့ ပြောခဲ့တယ်... သူက လေလိုက်ကမ်းပါးကို လိုချင်ပြီး နန်းတော်တခုဆောက်ချင်နေတယ်"

"မိုယုက လေလိုက်ကမ်းပါးကို ဝယ်ချင်တယ်ဆိုတာ တခြားဘာကြောင့်မှ မဟုတ်ဘူး အဲ့နေရာက နေရာတကျ ရှိပြီး လာတိုက်ရင်လည်း ခုခံရလွယ်ကူတဲ့နေရာမို့ပဲ... သေချာပေါက် တုရှန်းအာရဲ့ စိတ်ကူးပဲ ဖြစ်ရမယ်... ဝမ်ဖေးကလည်း ဒီနေရာကို သဘောကျနေတယ်ဆိုမှတော့ နောင်တချိန်မှာ အငြင်းပွားစရာ မဖြစ်အောင် ခုကတည်းက ငြင်းပယ်ထားမှ ဖြစ်မယ်... မင်းကော ဘယ်လိုထင်လဲ?"

"အမ်... သွားချည်... သွားပြီး တောင်းပန်လိုက်ချည်... ငါ ဝမ်ဖေးကို အဲ့နေရာပေးမယ်လို့ ကတိပေးထားပြီးပြီလို့... သူမက ပုံမှန်လူတွေလို ရွှေငွေလက်ဝတ်ရတနာတွေ မကြိုက်လို့ ငါ့ကိုလည်း ဘာမှ မပူဆာဖူးဘူး... ဒါက ပထမဆုံး သူမရဲ့ တောင်းဆိုခြင်းပဲ... ငါ ဘယ်လိုလုပ်ပြီး သဘောမတူလို့ ဖြစ်ပါ့မလဲ? ဒါ့အပြင် ငါ သူမကို သင့်တော်တဲ့ လက်ဆောင် ဘာတခုမှ မပေးရသေးတာ အတော်ကြာပြီ... သူမက ဒါကို သဘောကျတယ်ဆိုမှတော့ ငါကလည်း သူမပျော်ရွှင်အောင် လုပ်ပေးသင့်တယ်... "

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားजहाँ कहानियाँ रहती हैं। अभी खोजें