Chapter 133

321 54 8
                                    

Zawgyi Version

ဝမ်ရမ်ခန်၏ အားပေးမှုသည် သူ့အား မုရုံချီချီမှ အပြုံးကြီးကြီးတစ်ခု ပေးမိစေသည်။ ထို့နောက် သူတို့၏ 'အပြန်အလှန်ဆက်သွယ်မှု'က လင်းကဲ့ရှင်း၏ မျက်လုံးထဲ ဝင်ရောက်လာသောအခါ သူမ၏ သားငယ်ကို ပိုလို့တောင် မုန်းတီးမိစေသည်။

သေချာတယ် သူ့မှာ မုရုံချီချီနဲ့ ဆက်ဆံရေးတစ်ခု ရှိနေတယ်! ယခု မင်းကြီးက လက်ထပ်ဖို့ ဆုံးဖြတ်ပိုင်ခွင့်ကို မုရုံချီချီအား ပေးအပ်ထားသည်။ အခါအားလျော်စွာ သူမက ဝမ်ရမ်ခန်ကို ရွေးချယ်လိုက်ပါက သူမလင်းကဲ့ရှင်းက ဘယ်လိုလုပ်ရမည်နည်း? လင်းကဲ့ရှင်းသည် သူမကိုယ်သူမ သတိမပြုမိဘဲ ဝမ်ရမ်ခန်ကို ကြည့်သည့်မျက်လုံးထဲတွင် အမုန်းတရားတချို့ ပါဝင်လာသည်။

'အချစ်မရှိမှတော့ ဘယ်လိုလုပ် အမုန်းရှိမှာလဲ'ဆိုသည့် မုရုံချီချီ၏ စကားစုသည် လုံဇယ်ကျင့်ထျန်း၏ နှလုံးသားထဲရှိ နောက်ဆုံးလက်ကျန်မျှော်လင့်ချက်ကို လုံးဝပျက်စီးသွားစေသည်။ သူမရဲ့နှလုံးသားက သူ့အပေါ် ဘယ်တုန်းကမှ လှုပ်ရှားခဲ့ဖူးဘူးပေါ့... ဘယ်တုန်းကမှလေ... သူခြန္ဓာကိုယ်ထဲမှ သူ့ရဲ့ဝိညာဉ်ကို ဆွဲထုတ်ခြင်း ခံလိုက်ရသလို လုံဇယ်ကျင့်ထျန်းတကိုယ်လုံးက ပျော့ခွေသွားသည်။ သူသည် သူ့၏ ထိုင်ခုံဆီသို့ လီယွင်ချင်းနှင့် ရှန့်ကွမ်းဝူကျိတို့၏ အကူအညီဖြင့် ပြန်လည် ပို့ဆောင်ခြင်းခံလိုက်ရသည်။

"ဟားဟား..."

ဝမ်ရမ်လဲ့က သူ့မုတ်ဆိတ်ကို ပွတ်သပ်ကာ ခေါင်းကို ညိတ်လိုက်သည်။ မုရုံချီချီ၏ 'ရဲရင့်မှု'က ဝမ်ရမ်လဲ့အား ဒီတူမတော်ကို   ပိုပြီး သဘောကျမိစေသည်။ မင်ယွဲ့သာ ဒီလိုသတ္တိမျိုး ရှိခဲ့ပါက သူ့ဘဝတစ်ခုလုံး ပေးဆပ်ရမည်ဆိုလျှင်ပင် သူက ဒီလိုလုပ်ပစ်ဖို့ ဆန္ဒရှိမည်ဖြစ်သည်။

လုံဇယ်ကျင့်ထျန်း ထိုသို့ ပြုမူနေခြင်းသည် ဝမ်ရမ်ပေါင်ကျူးအား ဝမ်းအနည်းဆုံးလူသားတစ်ယောက် ဖြစ်လာစေသည်။

လူပုံအလယ်တွင် လုံဇယ်ကျင့်ထျန်း၏ ငြင်းဆန်ခြင်းခံရပြီးနောက် သူမသည် အရှက်ရခြင်းကို ခံစားနေသင့်သည်။ သို့ပေမယ့် ဝမ်ရမ်ပေါင်ကျူးက လုံဇယ်ကျင့်ထျန်းအား မမုန်းမိပေ။ သူမသည် ထိုယောက်ျားကို ချစ်ပြီး မုန်းဖို့ အားမရှိပေ။ ယခု ဝမ်ရမ်ပေါင်ကျူး နာကျည်းမိသည့်သူမှာ မုရုံချီချီပင်။ အားလုံးက မုရုံချီချီကြောင့်ပင်။ ထို့ကြောင့် လုံဇယ်ကျင့်ထျန်း အရှက်ကွဲခဲ့ရသည်။ ထို့ကြောင့် သူမက လူပုံအလယ်တွင် လုံဇယ်ကျင့်ထျန်း၏ ငြင်းပယ်ခြင်း ခံခဲ့ရသည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားHikayelerin yaşadığı yer. Şimdi keşfedin