Zawgyi Version
ဖုန်းချန်တို့ နန်းတော်သို့ ရောက်သောအခါ ဧကရာဇ်၊ မယ်တော်ကြီး၊ မိဖုရားခေါင်၊ တယ့်ဖေးနှင့် အိမ်ရှေ့စံမင်းသမီး ယွီရှစ်ရှစ်တို့ ရောက်ရှိနေကြသည်။ လူတိုင်းက သူတို့အား စောင့်နေခဲ့ကြသည်။ ဝမ်ရမ်လဲ့၏ ကျေးဇူးဖြင့် မုရုံချီချီက ဘယ်သူ့ကိုမှ ဦးညွှတ်စရာမလိုဘဲ သူမ၏ လေးစားမှုကို အနည်းငယ်သာ ပြသရန်လိုသည်။ ထို့နောက် သူမက ထိုင်ရန် ဖိတ်ခေါ်ခံလိုက်ရသည်။
"မဆိုးဘူး! အရမ်းကောင်းတယ်!"
ဝမ်ရမ်လဲ့က ဖုန်းချန်နှင့် မုရုံချီချီအား ပြုံးရွှင်စွာ ကြည့်လိုက်သည်။ သူက ခေါင်းကို ထပ်ကာထပ်ကာ ညိတ်ကာ
"ကျန်း မင်းတို့အတွက် အရမ်းပျော်တယ်!"
"ကျေးဇူးတင်ပါတယ် ဦးရီးတော်"
ဖုန်းချန်က ရွှင်ပြုံးစွာ ပြန်ဖြေလိုက်သော်လည်း သူ့လက်က မုရုံချီချီ၏ နူးညံ့သည့် ခန္ဓာကိုယ်အား ကိုင်ထားလေသည်။ မုရုံချီချီကား သူမခေါင်းကို ငုံ့ထားလျှက်ပင်။ သူမမျက်နှာပေါ်တွင် ရှက်ပြုံးတခု ရှိနေသည်။ တချက်ကြည့်ရုံဖြင့် သူမက ဇနီးအသစ်စက်စက် ဖြစ်သည်ကို မြင်နိုင်သည်။
ဖုန်းချန်ပျော်ရွှင်နေတာကို ကြည့်ရင်း ဝမ်ရမ်လဲ့ နှလုံးသားထဲတွင် ဖော်ပြမရနိုင်သော ခံစားချက်တခု ဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာအတွင်း သူ့အကြံအစည်မှာ ဘယ်တုန်းကမှ မကျဆုံးဖူးပေ။ ဒီတခေါက်တွင် ဟိုခွေးမယွဲ့လန်ကျစ်ကြောင့် ခြေတလှမ်းမှားရာကစပြီး ခြေလှမ်းအားလုံး မှားယွင်းကုန်သည်။ သူ နန်ဖုန်းတိုင်းပြည်နှင့် အချိတ်အဆက်လုပ်ဖို့ လိုအပ်လာပြီထင်သည်။ ဖုန်းချန်၏ ပျော်ရွှင်နေသော အပြုံးက ဆူးတချောင်းလို သူ့နှလုံးသားထဲကို ထိုးဖောက်နေကာ ထိုဆူးကို ဖယ်ထုတ်သောအခါကျ သူ့အား သွေးထွက်လာစေသည်။
![](https://img.wattpad.com/cover/246053839-288-k999814.jpg)