Zawgyi Version
ယွီရှစ်ရှစ်၏ 'ပလွှားမှု'သည် မုရုံချီချီအား အံအားသင့်သွားစေသည်။ စုမိန်နှင့် စုယွဲ့ကိုလည်း လဲကျလုနီးပါး ဖြစ်စေသည်။ ဒီမိန်းမဦးနှောက်ထဲ ရေများ ဝင်နေတာလားဟ? သူမက သခင်မလေးနဲ့များ ချမ်းသာကြွယ်ဝမှုကို ယှဉ်ပြိုင်ချင်နေတယ်! သူမဦးနှောက်က တကယ်ပဲ ကျဉ်းမြောင်းနေပြီပဲ!
ဖန်းတုန်က ငွေလက်ခံပြီးနောက် ဆိုင်ဝန်ထမ်းများအား အထည်ကို သေချာစွာ ထုပ်ပိုးစေပြီး ယွီရှစ်ရှစ်နောက်မှ အစေခံကို ကမ်းပေးလိုက်သည်။
"အိမ်ရှေ့စံမင်းသမီးသာ ဒါကို ဝတ်ဆင်လိုက်ရင် အိမ်ရှေ့စံမင်းသမီးက သေချာပေါက် တောက်ပလာပြီး လူတိုင်းရဲ့ ရုပ်ရည်ထက် ပိုပြီး တောက်ပလာလိမ့်မယ်!"
ထိုစကားလုံးများသည် ယွီရှစ်ရှစ်အား ပျော်ရွှင်စေသည်။ သူမသည် ဟန်ဆောင်ကာ မုရုံချီချီဆီ လျှောက်သွားရင်း မုရုံချီချီ ကြည့်နေသည့် အထည်ကို ကြည့်လိုက်သည်။
"ဘယ်လောက်လှလိုက်သလဲ? မင်းသမီး ဒါကို ဝယ်ချင်လား?"
"မဝယ်ဘူး!"
မုရုံချီချီက ခေါင်းခါလိုက်သည်။
"ကျွန်မမှာ ပိုက်ဆံမရှိဘူး!"
မုရုံချီချီမှာ ပိုက်ဆံမရှိဘူးဆိုတာက ယွီရှစ်ရှစ်အား ပျော်ရွှင်စေသည်။ ယောက်ျားချင်းယှဉ်ရင်တော့ သူမ၏ ဝမ်ရမ်ဟုန်သည် ဖုန်းချန်အား မယှဉ်နိုင်။ ဒါပေမယ့် ငွေကြေးအရ ယှဉ်မည်ဆိုလျှင် သူမတွင် အနည်းဆုံးတော့ ရတနာသိုက်လေး ရှိပြီး မုရုံချီချီထက်တော့ ချမ်းသာသေးသည်။
"ဒါပေမယ့် ကျွန်မသာ ကြိုက်တယ်ဆိုရင် ဝမ်ရယ်က ဝယ်ပေးမှာပဲ! ဝမ်ရယ်က ပြောတယ် မိန်းမတယောက်ရဲ့ ပျော်ရွှင်မှုအတွက် ယောက်ျားတွေ ငွေဖြုန်းရခြင်းဟာ အဓိကကိစ္စရပ်တခုပဲတဲ့!"
ယွီရှစ်ရှစ်မျက်နှာပေါ်က အပြုံး ကြီးသထက် ကြီးလာအောင် စောင့်၍ မုရုံချီချီက ထိုကဲ့သို့ စကားတခွန်းပစ်သွင်းလိုက်သောအခါ ယွီရှစ်ရှစ်မျက်နှာအား တောင့်တင်းသွားစေသည်။ ဖုန်းချန်ကလည်း ဖန်းတုန်အား မုရုံချီချီလက်ထဲမှ အထည်ကို ထုပ်ပိုးစေခြင်းဖြင့် ကောင်းကောင်းပူးပေါင်းဆောင်ရွက်လိုက်သည်။ သူက ငွေတုံးတထောင်ကို ချက်ချင်းပေးချေလိုက်သည်။