Chapter 128

253 48 6
                                    

Zawgyi Version

ဝမ်​ရမ်​ခန်​လို သူ့အား မုရုံချီချီက ​နွေး​နွေး​ထွေး​ထွေး မဆက်​ဆံ​သော​ကြောင့်​ ဝမ်​ရမ်​ရီက အနည်းငယ်​ ​ဒေါသဖြစ်​မိသည်​။ ဒါ​ပေမယ့်​ သူက ထုတ်​​ဖော်​မပြ​ပေ။

ငယ်​စဉ်​ကတည်းက သူက အ​ကောင်းဆုံးဆိုတာမှန်​သမျှကို ရခဲ့ပြီး သူ့ညီ​တော်​က သူမလိုချင်​တာကိုမှ ရခဲ့​သော​ကြောင့်​ ဖြစ်​​ကောင်းဖြစ်​နိုင်​သည်​။ ဒါ့​ကြောင့်​ သူ့စိတ်​က တခြားသူထက်​ အမြင့်​မှာသာ ရှိ​နေသည်​။ ထို့​ကြောင့်​ မုရုံချီချီထံမှ သူ့အား ရုတ်​တရက်​ ​အေးစက်​စက်​မျက်​နှာသာ​ပေးခံရ​သောအခါ သူက တကယ်​ကို ​နေသားတကျမရှိနိုင်​​ပေ။

ဝမ်​ရမ်​ရီအ​ပေါ် ထားသည့်​ မုရုံချီချီ၏ ​အေးစက်​စက်​သ​ဘောထားကို လင်းကဲ့ရှင်းကလည်း မြင်​သည်​။ ထို့​နောက်​ ဝမ်​ရမ်​ဟုန်​နှင့်​ မုရုံချီချီတို့၏ ရယ်​​မော​ပြောဆိုခြင်းကို မြင်​ရပြီး သူမက အနည်းငယ်​စိုးရိမ်​လာသည်​။ ဝမ်​ရမ်​ခန်​က ​ရေနှင့်​အနီးဆုံးပွဲကြည့်​စင်​မှာ ရှိပြီး လ​ရောင်​ကို အရင်​ဆုံး​ပျော်​​မွေ့ရသလို ဖြစ်​ပြီး အကျိုးရ​အောင်​ လုပ်​​ဆောင်​တာလား? ဒါက ဘယ်​လိုလုပ်​မှန်​နိုင်​မှာလဲ? မုရုံချီချီသာ သူမ၏ ဒုတိယ​ချွေးမ​တော်​ဖြစ်​ပါက သူမက ကြိုက်​နှစ်​သက်​​မည်​။ သူမက ဝမ်​ရမ်​ရီရဲ့ ​တော်​ဝင်​ကြင်​ယာ​တော်​ပဲ ဘာ​ကြောင့်​ သူမက ဝမ်​ရမ်​ခန်​ကို လက်​ထပ်​ရမှာလဲ?

*** ​ရေနှင့်​အနီးဆုံးပွဲကြည့်​စင်​မှာ ရှိပြီး လ​ရောင်​ကို အရင်​ဆုံး​ပျော်​​မွေ့ရသလို=> ရင်းနှီးသည့်​လူနဲ့ ​ပေါင်းသင်းဆက်​ဆံပြီး အကျိုးအမြတ်​ရရှိ​အောင်​ လုပ်​ခြင်း***

***ဒုတိယ​ချွေးမ​တော်​ဆိုတာ ဝမ်​ရမ်​ရီက မင်းကြီး၏ ဒုတိယသား​တော်​​ဖြစ်​​သော​ကြောင့်​ ဝမ်​ရမ်​ရီ၏ မိဖုရားဖြစ်​ခြင်းကို ဆိုလို***

ထိုအချိန်​တွင်​ လင်းကဲ့ရှင်းက သူမ၏ သားငယ်​ဝမ်​ရမ်​ဟုန်​ကို ရွံရှာခဲ့သည်​။ အစ်​ကိုဖြစ်​သူ၏ သတို့သမီးကို ညီဖြစ်​သူက ခိုးယူခြင်း... ဒီလိုအကြံအစည်​မျိုး၊ ဒီလိုနည်းလမ်းမျိုးက သူမကို သူမအငယ်​ဆုံးသားအား တကယ်​ကို အထင်​အမြင်​လွဲ​စေသည်​။ အမြဲတမ်း ပြုံး​နေတဲ့ ဝမ်​ရမ်​ခန်​မှာ ထီးနန်းနဲ့ပတ်​သက်​ပြီး ဒီလိုအ​တွေးမျိုး ရှိခဲ့မယ်​လို့ လုံးဝ ထင်​မထားခဲ့​ပေ။ တကယ့်​ကို မုန်းစရာ​ကောင်းသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now