Chapter 135

179 50 9
                                    

Zawgyi Version

"ရွှမ်း"

မုရုံချီချီက ရွှေကြိုးကို ပြန်သိမ်းလိုက်ပြီး တကိုယ်လုံးအား အဖြူရောင်အလင်းဖြင့် ကာထားသော ထိုသူအား ကြည့်လိုက်သည်။ ဟွန့်... ဒီလူ အရမ်းဘဝင်မြင့်နေတာကို မအံ့သြတော့ပါဘူး။ သူက ဒီလိုအရည်အချင်းမျိုး ရှိနေတာကိုး။ သူ့ရဲ့အတွင်းအားက အဆင့်ရှစ် အဖြူရောင်ကို ရောက်နေပြီကိုး။ ဒီလူက လျစ်လျူရှုထားလို့တော့ မရဘူးပဲ! အဖြူရောင်အဆင့်ရှစ်အတွင်းအား ရှိသူတစ်ယောက် ပြည်မကြီးတွင် ပေါ်လာခဲ့သည်မှာ ကြာခဲ့ပုံပေါ်သည်။ ဒီလူက ဘယ်သူလဲ?

ဒီတစ်ကြိမ်တော့ မုရုံချီချီက မလှုပ်ရှားဘဲ ရပ်နေရမည့် အလှည့် ဖြစ်သည်။ အစက သူမက အဖြူရောင်ဝတ်ငွေရောင်မျက်နှာဖုံးတပ်လူ၏ အရည်အချင်းကို သိနိုင်ရန် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။အခု တဖက်လူ၏ အရည်အချင်းကို သိပြီးပြီဖြစ်၍ သူမက ထပ်မလှုပ်ရှားတော့ပေ။ သူမက ဖုန်းချန်နှင့် မနီးလွန်း မဝေးလွန်း ဆယ်မီတာ အကွာအတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

ကျွမ်းကျင်သူ နှစ်ယောက်ကြားက တိုက်ပွဲတွင် ပထမဆုံး လှုပ်ရှားမှု ပြုလုပ်သူမှာ ရှုံးနိမ့်မည့် သူပင်။ ဖုန်းချန်က ဒါကို နားလည်သည်။ မုရုံချီချီကလည်း ဒါကို နားလည်သည်။

ထိုအချိန်တွင် အားကောင်းသော လေထုနှစ်ခုသည် လူနှစ်ယောက်အား ဝန်းရံထားပြီး သေးငယ်သော ရေဝဲတစ်ခုကို ဖြစ်ပေါ်လာစေသည်။ မူလက မုရုံချီချီ၏ မြေပေါ် ကိုင်ပေါက်ခြင်း ခံထားရသော အနက်ရောင်ဝတ်လူများသည် ထရပ်ကာ အခင်းဖြစ်ပွားရာမှ ထွက်ခွာသွားကြသည်။ ဒီတကြိမ် ထိုလူနှစ်ယောက်နားတွင် သူတို့ရှိနေပါက ပြာဖြစ်သွားနိုင်သည်ကို သူတို့က ရှင်းရှင်းလင်းလင်း သိထားကြသည်။

အဖြူရောင်ကြွေမျက်နှာဖုံးကို ဖြတ်ကာ မုရုံချီချီက ငွေရောင်မျက်နှာဖုံးနှင့်လူအား ကြည့်လိုက်သည်။ သူမက သူမစိတ်ထဲမှ မရေရာဖြစ်နေမှုအား ဖြေရှင်းချင်လိုနေသည်။

"ငါ မင်းကို တစ်ခုလောက် မေးချင်တယ်။ မင်း ဘာကြောင့် ငါ့လူတွေကို ထိပြီး ငါ့ရဲ့ ကြွယ်ဇယ့်ဖန်းနဲ့ ထုံပေါင်ကျိုက်က်ု မီးလောင်တိုက်သွင်းရတာလဲ? ငါ့မှာ မင်းနဲ့ မလိုမုန်းထားစရာလည်း မရှိပါဘူး။ ဒီလို လုပ်ခဲ့တယ်ဆိုမှတော့ အကြောင်းပြချက်တစ်ခုတော့ ရှိကိုရှိရမယ်။ ငါ အဲ့ဒီအကြောင်းပြချက်ကို သိချင်တယ်"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now