Zawgyi Version
ထိုသို့ တွေးပြီးနောက် စုမိန်လည်း ငြိမ်ကျသွားသည်။ သူမရှေ့ရှိ လှပသည့်မိန်းကလေးနှစ်ယောက်ကို ကြည့်ရင်း မုရုံချီချီက သက်ပြင်းချလိုက်သည်။ သူမက သူတို့ဆီကို လျှောက်သွားလိုက်သည်။ သူမဘယ်လက်က စုမိန်ကို ကိုင်ထားပြီး ညာလက်က စုယွဲ့ကို ကိုင်ထားသည်။
"နင်တို့နှစ်ယောက်လုံး အရူးလေးတွေပဲ ဟမ်! ငါ မင်းတို့သခင်မလေးရဲ့ အရည်အချင်းနဲ့ဆို ဘယ်လိုလုပ် ငါ့ကိုယ်ငါ ဂရုမစိုက်ဘဲ နေရမှာလဲ? အမျိုးသားနဲ့ အမျိုးသမီးတွေဟာ အရွယ်ရောက်လာချိန်မှာ လက်ထပ်ဖို့ လိုတယ်။ နင်တို့သာ ငါ့အနား အမြဲနေနေရရင် နင်တို့ဘဝတွေနဲ့ လွဲချော်သွားရင် ဘယ်လိုလုပ်မလဲ? ငါ့မှာ ညီအစ်မတွေ မရှိတဲ့အတွက် နင်တို့နှစ်ယောက်ကို ငါ့ရဲ့ညီအစ်မရင်းတွေလို သဘောထားတယ်။ နင်တို့သာ မပျော်ရွှင်နိုင်ရင် ငါလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး"
"ဒါ့ကြောင့် နင်တို့ ချစ်ရတဲ့သူ တွေ့လာခဲ့လို့ ဆက်ဆံရေးတခုကို လိုက်ပါချင်လာတဲ့အခါကျရင် နင်တို့ကိုယ်နင်တို့ လွှတ်ပေးပြီး ရဲရဲဝံ့ဝံ့ချစ်ရမယ်။ ကံတရားသာ လွဲချော်ခဲ့ရင် နင်တို့ဘဝတစ်ခုလုံး နောင်တရလိမ့်မယ်။ နင်တို့အသက်ကြီးလာမှ ဒီနေရာမှာ ထိုင်ပြီး အတိတ်ကို နောင်တရတာမျိုး ငါ မမြင်ချင်ဘူး"
"သခင်မလေး..."
မုရုံချီချီစကားက မိန်းကလေးနှစ်ယောက်ကို ရယ်မောစေကာ လှုပ်ရှားလည်း လှုပ်ရှားလာစေသည်။
မုရုံချီချီက သူမတို့၏ သခင်ဖြစ်သော်လည်း သူမတွင် သခင်ဟုသော မောက်မာမှုမျိုး မရှိပေ။ ထိုအစား သူမက သူတို့ကို အလွန်ခွင့်လွှတ်မှု ပေးခဲ့သည်။ သူမက တကယ်ကို သူတို့ညီအစ်မလိုပင်။ မုရုံချီချီဘေးတွင် နေထိုင်ခွင့်ရနိုင်ခြင်းသည်စုမိန်နှင့် စုယွဲ့တို့ဂုဏ်ယူရသော အရာပင် ဖြစ်သည်။