Zawgyi Version
"ချင်းချင်း..."
ဖုန်းချန်သည် သူ့နှလုံးသားအောက်ခြေမှပင် ပျော်ရွှင်မိသည်။ သူ ရွေးချယ်ထားသော မိန်းကလေးသည် အမှန်တကယ်ပင် တခြားသူများနှင့် ခြားနားလှလေသည်။
တုန်လှုပ်နိုင်သော စွမ်းအားကို ရရှိစေရန် ယောက်ျားများထက် အလိုရမ္မက်ကြီးသော မိန်းမများကို သူ မြင်ခဲ့ဖူးသည်။ ထိုနေရာကို ရရှိဖို့ဆိုပါက ဘာမဆို လုပ်ရဲသည်။ သူတပါးကို ထိခိုက်စေရုံသာမက သူတို့ကိုယ်သူတို့ပါ ထိခိုက်ခံနိုင်သည်။ ရိုးရှင်းသည့် လူတယောက် ဖြစ်ရခြင်းမှ သူတို့သည် ရှုပ်ထွေးပွေလီသော သူများအဖြစ် ပြောင်းလဲသွားကြသည်။ စိတ်ကောင်းနှလုံးကောင်းရှိသူ တယောက်အဖြစ်မှ ရက်စက်သူများ ဖြစ်လာသည်။ မုရုံချီချီက အာဏာကို ကြိုက်နှစ်သက်မှာ သူစိုးရိမ်ခဲ့သည်။ မုရုံချီချီလိုပဲ သူက အတွေးတူခဲ့လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ သူ့မိန်းကလေးက အမှန်တကယ်ကို သူနှင့် လိုက်ဖက်ညီလှသည်။
"အဲ့ဒီအကြောင်းကို ပြောရရင် ကျွန်မတို့ သာမာန်လူတွေလို ဘာမှ မရှိသလို နေကြရင် မကောင်းဘူးလား ဝမ်ရယ် ရှင်ကော ဘယ်လိုထင်လဲ?"
မုရုံချီချီက ပြုံးလိုက်ကာ သူမ၏ တောက်ပသော မျက်လုံးများတွင် ကြင်နာမှုများ ရောင်ပြန်လက်နေသည်။
"ဒါ့အပြင် ဝမ်ရမ်လဲ့က ကျွန်မတို့ ရန်သူပဲ! ကျွန်မတို့ ဒါကို လွှတ်ချလိုက်ရင်တောင် တယောက်ယောက်က ဆန္ဒမရှိနေမှာ စိုးရတယ်"
"မင်း ဆိုလိုချင်တာက..."
"ဖုန်းရှဲ့နဲ့ ဝမ်ရမ်မင်ယွဲ့က ကျွန်မမိဘတွေ ဖြစ်ပြီး သူတို့ သေဆုံးမှုက ဝမ်ရမ်လဲ့နဲ့ ပတ်သက်နေတယ်ဆိုကတည်းက ကျွန်မ သူတို့အတွက် လက်စားချေပေးရလိမ့်မယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က ရှင့်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူး၊ ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးလည်း ရှိနေသေးတယ်။ လူတယောက် ကြီးပြင်းလာအောင် မြေတောင်မြှောက်ပေးခဲ့တာက လူတယောက် မွေးဖွားပေးခဲ့တာထက် ကျေးဇူးပိုကြီးတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မလား? ဒါတွေ အားလုံးကို စာရင်းချုပ်ကြည့်ရင် ကျွန်မတို့ ဝမ်ရမ်လဲ့ကို လွှတ်ပေးလို့ မရနိုင်ဘူး"