Part 30

159 24 0
                                    


လေးညှို့ရှင်

အပိုင်း (၃၀)

#လေးညှို့ရှင်

08190256

"သုသု...နေဦး..."

"ရှင်..."

"မီးဖိုခန်း ရှင်းရဦးမယ်...ပစ္စည်းဖြည့်မလို့..."

"သြော်..ဟုတ်ကဲ့..."

ဝန်ထမ်း ပေမဲ့ ချက်တက် ပြုတ်တက် မဟုတ်လို့ သူ့တာဝန်တွေက များသည်။

ခုရက်ပိုင်းတော့ အရင်လို မဟုတ်ပဲသိသိသာသာ ရှောင်ဖယ်နေတာ သတိထားမိတော့အောင့်သပ်သပ် ခံစားရသည်။

ကိုယ့်ဘက်က အထိအတွေ့မှာ ခဏသာယာမိသလို

သူကလည်း ရှပ်ပြာပြာ နမော်နမဲ့လေးလေ..။

မနက်ပိုင်း စောရောက်တဲ့ သူက အခုဆို ကိုးနာရီ အတိ မှ ရောက်သည်။

ညပိုင်း ပြန်ချိန် သန့်ရှင်းရေး တာဝန်ယူထားတဲ့သူက အားလုံးနဲ့အတူတူ ပြန်နေသည်။

ဇင်သန့် ဒီနေ့တော့ နှုတ်ကထုတ်၍ အမိန့်ပေးလိုက်သည်မို့ လက်ထဲက အိတ်ကို ပြန်ချခဲ့ပြီး နှုတ်ခမ်းစူ၍ မီးဖိုခန်းထဲကို ၀င်သွားသည်..။

ကလေးဆန်သည့်အပြုအမူကြောင့် ဇင်သန့် တစ်ချက်ရယ်၍ ခေါင်းရမ်းနေမိသည်။

"သုသု..."

"အမေ့ရီး...အာ..အစ်ကိုကြီးကလည်း လန့်လိုက်တာ.."

မီးဖိုခန်းထဲ ဇင်သန့် ရောက်သွားတာနဲ့ သရဲတစ်ကောင် ရောက်လာသလို မျက်လုံးပြူးနေတော့ မျက်မှောင်ကြုတ်မိသည်။

"အစ်ကိုကြီး...ဘာယူမလို့လဲ..."

"ဂက်စ် ကြည့်မလို့..."

"........."

ခေါင်းညိတ်ပြီး မီးဖိုကို သန့်ရှင်းရေးလုပ်နေတော့ ဂက်စ်အိုးကို တစ်ချက်ကြည့်လိုက်ရသည်။

ကျစ်...မသိရင် ငါက ယုတ်မာတော့မဲ့အတိုင်းပဲ..။

ရင်ခုန်စိတ်လှုပ်ရှားခဲ့မိတာ မှန်ပေမဲ့လည်း လွယ်တယ်ဆိုတဲ့စိတ်ဖြင့် ယုတ်မာ လိုစိတ်မရှိခဲ့ပါဘူး..။

ဇင်သန့် ရှေ့ခန်းကို ပြန်ထွက်လာခဲ့ပြီး စာရင်း နဲ့ ငွေတွေ တိုက်စစ်နေလိုက်သည်။

လေးညှို့ရှင် Where stories live. Discover now