Part 25

149 22 0
                                    


လေးညှို့ရှင်

အပိုင်း(၂၅)

#လေးညှို့ရှင်

"Table 3 အတွက် ရပြီ..."

"ဟုတ်ကဲ့..."

"..........."

"........."

ဇင်သန့် ဆိုင်ပြန်ဖွင့်ပြီး ဦးစီး ချက်ပြုတ်နေရသည်မို့ စိတ်တွေက အတော်လေးသက်သာနေပြီ..။

ဆိုင်က အရင်လောက် မရောင်းရတော့ပေမဲ့ ကိုယ်တိုင်ချက်ပြုတ်ရသည်မို့ ဧည့်သည်နဲ့ ၀န်ထမ်း အနေတော်ပင် ဖြစ်သည်။

သုံးလအတွင်းအရာအားလုံး ချက်ချင်း ပြောင်းလဲဖို့ဆိုတာ မဖြစ်နိင်..။

ထိခိုက်ခဲ့ရတဲ့ ကျန်းမာရေးနဲ့ နှလုံးသား က သက်သာရုံသာ ရှိသေးသည်။

အတက်နိုင်ဆုံး သူနဲ့ဝေးရာမှာသူ့အကြောင်းမတွေးမိအောင် ကြိုးစားသည်။

ရင်ထဲမှာ ပြင်းထန်လာရင်တော့ ဆေးခါးတွေဖြင့် မျောချသည်။

လီလီ လာရင်တောင် သူ့ကို သတိရလို့ ဆိုင်ကိုမလာဖို့ တောင်းဆိုထားရသည်။

"အစ်ကို...မြေပဲထောင်း..."

"အေး...ရပြီ...ရော့.."

ဇင်သန့် အတွေးတွေကို ဖြတ်ပြီး ပန်းကန် လှမ်းပေးလိုက်ကာ အသီးတွေ  ကို ရေဆေး နေလိုက်သည်။

"..........."

"............."

"အစ်ကိုရေ....ဧည့်သည်ကုန်ပြီ...ဆိုင်ပိတ်တော့မယ်..."

"ဟ..ဘယ်နှနာရီ ရှိသေးလို့လဲ..."

"ခုနှစ်နာရီ ."

"အေး.....ပိတ်.."

"ဟုတ်ကဲ့..."

ဝန်ထမ်း နှစ်ယောက်တည်းမို့ ညပိုင်းဖွင့်ဖို့ အဆင်မပြေ..။

ဇင်သန့် ခွင့်ပြုလိုက်တာနဲ့ ဆိုင်ပိတ်ဖို့ကိုပဲ အားတက်သရော လုပ်နေကြတော့သည်။

မီးဖိုခန်းထဲမှာ အလုပ်ကို လက်စသတ်လုပ် ပြီး ထားခဲ့လိုက်ရသည်။

ဆိုင်ရှေ့က စားပွဲဝိုင်း သုံးလေးဝိုင်းကို သိမ်းပြီး ပန်းအိုးကို နေရာရွေ့နေချိန် တံခါးပွင့်သွားသည်။

လေးညှို့ရှင် Nơi câu chuyện tồn tại. Hãy khám phá bây giờ