Part 19

131 20 0
                                    


လေးညှို့ရှင်

အပိုင်း(၁၉)

#လေးညှို့ရှင်

"လေဒီ..."

"ရက်စ်..."

"ဦးသန့်အောင်ရဲ့ အမှုကို စလိုက်တော့.."

"ဟိုတစ်ခါ ပြောခဲ့သလိုပဲ အထိအခိုက်လွယ်တဲ့ကိစ္စမို့လို့လုပ်ငန်းတွေ ပြီးတော့မှ လုပ်သင့်တယ်ထင်တယ်.... ပြန်စဉ်းစားပါဦး.."

"ရအောင်လုပ်.."

"ရက်စ်..."

အသီနာ ဖုန်းချလိုက်ပြီး ဆိုင်ကယ်သော့ကို လှည့်ကာ ထလာခဲ့သည်။

လက်အိတ်က အစ ၀တ်ထားရပေမဲ့  အပေါ် ၀တ်ရုံက ဘေးနှစ်ဘက်ကို ကျနေလောက်အောင် ကြီးမားရှည်လျားသည်။

"ဘော့စ်...အန္တရယ်များတယ်..."

"ဘော့စ်..."

ဝန်ထမ်း နှစ်ယောက်ကို ထားခဲ့ပြီး  ဆိုင်ကယ်သော့ကို  ဖွင့်လိုက်ကာ မောင်းထွက်လာခဲ့သည်။

စတန့်တွေ မလုပ်ရတာ ကြာနေပြီ..။

"တီ...တီ....တီ...."

ဘေးက ကားအနက်ရောင် တစ်စီးလိုက်လာတော့ အသီနာ တစ်ချက် လှည့်ကြည့်လိုက်သည်။

ဟွန့်...ကြာကြာပုန်းနေမယ် ထင်ထားတာ..မနေနိုင်ဘူးပဲ...။

ကားကို ကြည့်လိုက်တာနဲ့ မေရတီမှန်း သိနေတော့ အသီနာ လမ်းမဖယ်ပေးပဲ ဆိုင်ကယ်ကို ရှေ့ဘီးမြှောက်ပြီး မောင်းလိုက်သည်။

"တီ....တီ....တီ..."

"ဟား...ဟား.."

အသီနာ့ဘေးကနေ ကွေ့ဝိုက်တက်သွားတဲ့ ကားကို ကြည့်ပြီး ရယ်မိသည်။

ဒီအထိ လိုက်လာတာ ဘာအတွက်များလဲ..။

ဘာပဲ ဖြစ်ဖြစ် အပျင်းပြေတာပေါ့လေ...။

အသီနာ သတိထားပြီး မတ်တက်ရပ်လိုက်ကာ စတန့် နောက်တစ်ကွက် လုပ်လိုက်သည်။

စတန့်တွေ လုပ်ကြည့်ရင်း တစ်ယောက်တည်း ပြုံးမိသည်။

နောက်တစ်ခါ ဆို သနားစရာ မိုင်ဘွိုင်းကိုလည်း ခေါ်ခဲ့ရမည်..။

.

''ဟူး."

ဇင်သန့် ဟိုတယ်က အခန်းထဲမှာ ထိုင်နေရင်း သက်ပြင်း တစ်ချက်ချလိုက်သည်။

လေးညှို့ရှင် Where stories live. Discover now