Part 24

122 18 0
                                    


လေးညှို့ရှင်

အပိုင်း(၂၄)

#လေးညှို့ရှင်

08160117

"လီလီ...ဘာလို့ အလုပ်တွေ ရှုပ်နေကြတာလဲ..."

ဇင်သန့်အိမ်ပြန်ရောက်လာပေမဲ့ ထုံးစံအတိုင်း အခန်းထဲမှာချည်း နေရသည်။

ခုရက်ပိုင်း အောက်ထပ်ဆင်းသွားချိန် သူမရှိပေမဲ့ သူရှိသလို အလုပ်တွေ လုပ်နေကြတာ သတိထားမိသည်။

လီလီက ပန်းပွင့် အဖြူတွေကို ဖော့ပြားမှာ စိုက်ထိုးနေရင်း ဇင်သန့် ကို မကြည့်ပဲ ရယ်နေပြန်သည်။

"ဘော့စ်က ရှေ့တစ်ပတ် ပါတီလုပ်မယ်... ကျွန်မ တို့ အားလုံး ပါတီတက်ရမယ်...လက်ဆောင်လည်းပေးလိမ့်မယ်..."

"ဟင်..."

"ဘော့စ် က အဲလိုပဲ...သူ့ အလုပ်တစ်ခုခု အဆင်ပြေသွားရင်ဝန်ထမ်းတွေအတွက် ပါတီလုပ်ခွင့်ပေးတက်တယ်..."

"........"

လီလီ့ စကားကို ကြားလိုက်ရတော့မှ ဇင်သန့်သတိရတော့သည်။

ဟုတ်သားပဲ...သူ့မွေးနေ့ နီးပြီလို့ ပြောခဲ့ဖူးသည်။

ဝန်ထမ်းအားလုံးကို သူလက်ဆောင် ပေးတယ်ဆိုပေမဲ့ ဇင်သန့်ကတော့ သူ့ကို တစ်ခုခု ပြန်ပေးချင်သည်။

ကိုယ့်မှာလည်း ပိုင်ဆိုင်မှုဆိုတာ ဘာမှ မရှိတော့ပေမဲ့ တက်နိုင်သည့် လက်ဆောင်ကို စဉ်းစားမိသည်။

အနုအရွတွေ မကြိုက်တဲ့သူ့ကို ဘာပေးရင် ကောင်းမလဲ..။

ဇင်သန့် စဉ်းစားနေရင်း အကြည့်တွေ့က ပန်းချီကားဆီကို ရောက်သွားသည်။

အတိတ်က လုပ်ကွက်တွေ ဆိုပေမဲ့ သူ့ပုံတူ ပန်းချီကားလေး ပေးချင်မိသည်။

မမ ကိုလည်း ပေးခဲ့ဖူးသည်ကို တွေးမိတော့ မလုံမလဲဖြင့်စိတ်မသက်မသာ ဖြစ်ရပြန်သည်။

သူနဲ့ ပတ်သက်တဲ့ နေရာတိုင်းမှာ ပန်းချီကားတွေ ရှိနေတက်တာ သတိရတော့ ပန်းချီပေးဖို့ပဲ ဆုံးဖြတ်လိုက်သည်။

"လီလီ..."

"ဟင်..."

"ငါ ပန်းချီ ဆွဲချင်လို့ လိုအပ်တာတွေ ယူလာပေးပါလား."

လေးညှို့ရှင် Dove le storie prendono vita. Scoprilo ora