Part 14

113 21 1
                                    


လေးညှို့ရှင်

အပိုင်း(၁၄)

#လေးညှို့ရှင်

07230549

"Morning မာစတာ..."

"ဟင်.."

ဇင်သန့် မျက်လုံးဖွင့်ချိန် တွေ့လိုက်ရတာ လီလီရဲ့ အပြုံးနဲ့ ရင်ဘတ်..။

မနက်စောစော စိတ်ရှုပ်သွားရတာ အမှန်ပင်..။

နာရီ ကို တစ်ချက်လှမ်းကြည့်တော့ တစ်ဆယ် နဲ့ နှစ်ဆယ့်လေး ကို ပြနေပြီ..။

ဆယ်နာရီ တောင် ဖြစ်သွားပြီလား.။

ဇင်သန့် ခေါင်းရမ်းပြီး ထထိုင်လိုက်တော့ လီလီ က အနားမှာ လိုအပ်တာ လုပ်ပေးဖို့ အဆင်သင့် ရှိနေသည်။

ခုတင်ပေါ် အကြည့်တွေ ရောက်သွားချိန် ဘယ်သူမှ မရှိ..။

ဘယ်အချိန်က ထွက်သွားပါလိမ့်..။

ဇင်သန့် ခေါင်းထဲ ရောက်လာတဲ့အတွေးကြောင့် မှန်တံခါးကို အပြေးအလွှား သွားကြည့်မိသည်။

နောက်တံခါးလည်း ပိတ်ထားတော့ အိမ်မှာပဲ ရှိသေးတာပဲ..။

ဘာရယ်ကြောင့်မှန်း မသိ တစ်ချက် ပြုံးမိသွားသည်။

အိပ်ခန်း က ပြန်ထွက်လာချိန် လီလီ နဲ့ မျက်နှာချင်းဆိုင်တွေ့တော့ လန့်သွားရပြန်သည်။

"လီလီ....ဒီလို အ၀တ်အစားတွေ မ၀တ်ပါနဲ့ဆို..."

"သခင် စိတ်ကျေနပ်အောင်ပါ..."

"နည်းနည်းမှ မကျေနပ်ဘူး...စိတ်ရှုပ်တယ်..."

ဆံပင်တွေကို ထိုးဖွရင်း စိတ်ပျက်စွာ ပြောလိုက်တော့ သူ့ကိုယ်သူ ငုံ့ကြည့်နေသေးသည်။

လည်ဟိုက် အကျီ င်္က ချက်နားရောက်နေပြီပဲ ဘာလို့ အ၀တ်အစားတွေ ၀တ်နေသေးလဲ မသိ..။

"သခင် မကြိုက်လို့ ကျွန်မ အဆင်ပြေဆုံးဟာ ရွေးထုတ်ထားတာပါ..."

"လုံလုံခြုံခြုံ ၀တ်ပါဗျာ...စိတ်သက်သာသလို ပုံမှန်နေပါ...."

"ကျွန်မ က ကလပ်မှာ ဒီလိုနေခဲ့တာအကျင့်ပါနေပြီ...အခုလို မနေရရင် ကျွန်မ က အရာမ၀င်သလိုပဲ သခင်..."

လေးညှို့ရှင် Wo Geschichten leben. Entdecke jetzt