Part (1)

2.2K 69 3
                                    

(1)

လေးညှို့ရှင်

အပိုင်း(၁)

#လေးညှို့ရှင်

"ရပြီ...မမ"

ဇင်သန့် လက်ထဲမှာ ကိုင်လာတဲ့ ပန်းကန်ကို မမရှေ့မှာ ချပေးလိုက်တော့ မော့ကြည့်သည်။

ပုဝါကို ပေါင်ပေါ်ဖြန့်တင်ပေးလိုက်ပြီး ပြုံးပြတော့ မမ က ဇွန်းကို ကောက်ကိုင်လိုက်သည်။

"Poached egg မို့နော်...တို့မကြိုက်တာ မောင် သိရဲ့သားနဲ့ဟွန့်..."

"မမ ကို အားရှိစေချင်လို့ပါဗျာ....မောင့်လက်ရာကို စားကြည့်ပါဦး.."

"အဟွင်း...စားသောက်ဆိုင် ပိုင်ရှင်ကြီး ကိုယ်တိုင် ၀င်ချက်ထားတာဆိုတော့ ကောင်းကောင်း မကောင်းကောင်း တန်နေပါပြီနော်..."

"ဟား..ဟား...ဟုတ်ပါပြီ..."

မမ ရဲ့ နူးညံ့အိဖက်နေတဲ့ ဆံပင်လေးတွေကို လက်နဲ့သပ်တင်ပေးလိုက်ပြီး မမ လက်ချောင်းလေးတွေ ရွေ့လျားသွားတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမိသည်။

ဘာပဲ လုပ်လုပ် တည်ငြိမ်အေးချမ်းစွာ လှုပ်ရှားတက်သူမို့ ဇွန်းဖျားလေးနဲ့ ဖြည်းဖြည်း တို့ရင်း  အနုပညာကို ခံစားနေပြန်သည်။

"မမ ကလည်း မောင် က ရင်ခုန်နေပြီ...မြန်မြန်စားပါဗျ..."

"အဟွင်း....အရသာပဲမြည်းကြည့်ရုံဆို အခုလို အနုပညာဆန်ဆန် လုပ်နေစရာတောင်မလိုဘူး...လမ်းဘေးက ကြက်ဥကြော်နဲ့ တူတူဖြစ်သွားမှာပေါ့...စိတ်ရှည်ပါ မောင်ရယ်...အဟွင်း..."

"ဟူး....နှစ်နှစ်ပြည့်တော့မယ်..မမ စိတ်ကို မောင် လိုက်မမှီနိုင်သေးဘူး...."

"ကြိုးစားဦးပေါ့...ဘာလဲ မောင်က တို့ပုံစံကို မကြိုက်လို့လား."

"အာ..မဟုတ်ပါဘူး...ကြိုက်လွန်းလို့ အကွာကြီးကို ပြေးလိုက်ရတာလေဗျာ..."

"အဟွင်း....လူလည်လေး..."

မမ က ကြက်ဥ အနှစ်လေးတွေကို အသုပ်နဲ့ နယ်နေချိန် ဇင်သန့် မေးထောက်ပြီး ငေးကြည့်နေမိသည်။

မမ ပုံစံလေးကို မြတ်နိုးလွန်းလို့ ဆိုင်ကို ပထမဆုံး လာချိန်ကတည်းက သတိထားမိသွားတာလေ..။

လေးညှို့ရှင် Where stories live. Discover now