Part 5

169 30 0
                                    


လေးညှို့ရှင်

အပိုင်း(၅)

#လေးညှို့ရှင်

11-06-01-42

"မမ..."

"ဟင်.."

"နေကောင်းရဲ့လား..."

"ဟင့်အင်း..."

"ဟာ....ဘာဖြစ်လို့လဲ..မမ..."

"ဖျားချင်သလိုဖြစ်တာပါ...."

"မနေ့ကတစ်နေ့လုံး ဖုန်းခေါ် မရလို့ စိတ်ပူနေတာ..ထင်တော့ ထင်သားပဲ...."

"အိပ်ရာထဲရောက်နေလို့ ဖြစ်မယ်...ဆောရီး...မောင်..."

"တော်တော် ဖြစ်လို့လား...မောင် လာလို့ရမလား..."

"အင်း..လာခဲ့လေ...."

"အိုကေ...ခုလာခဲ့မယ်နော်..."

"........."

ဇင်သန့် ဖုန်းချပြီးတော့ နာရီ ကြည့်လိုက်တာ ခုနှစ်နာရီတောင် ဖြစ်နေပြီ..။

ညပိုင်းကြီး တစ်ခါမှ မသွားဖူးတော့ သွားလို့ ကောင်းပါ့မလား မသိ..။

အိုး..မမ နေမကောင်းဘူး..။

ကားကို အရှိန်မြင့် လိုက်မိသည်..။

မတက်နိုင်ဘူး...ရင်တွေ ပူလောင်နေပါပြီ..။

ခြံတံခါးက အော်တို ဖွင့်ပေးပေမဲ့ ညပိုင်း မီးရောင်စုံ ထွန်းထားတဲ့ ခြံကြီး အလှကိုလည်း မခံစားနိုင်တော့ပါ..။

ကား ကို ထိုးရပ်ပြီး အပြေးအလွှား ဆင်းသွားတော့ မိန်းမ တစ်ယောက် ရပ်နေသည်.။

"......"

မမ နေတဲ့ အထပ်ကို ခေါ်သွားပေမဲ့ အိမ် တစ်ခုလို ပြင်ဆင်ထားတော့ အံသြရပါသည်..။

ဧည့်ခန်းမှာ ထိုင်နေချိန် လိုက်ပို့တဲ့ အမျိုးသမီးက အခန်းတစ်ခုထဲ ကို ၀င်သွားသည်..။

"ဟင်..မမ..."

အခန်းထဲက ညအိပ်ဝတ်စုံ လေး နဲ့ ခပ်ဖြည်းဖြည်း ထွက်လာတဲ့ မမ ကို တွေ့တော့ ဇင်သန့် ထရပ်လိုက်မိသည်..။

"ဧည့်သည်အတွက် တစ်ခုခု.."

"ဟုတ်ကဲ့..."

အနားက အမျိုးသမီး ပြန်ထွက်သွားတော့ ဇင်သန့် မမ အနားကို ရောက်သွားသည်..။

လေးညှို့ရှင် Onde histórias criam vida. Descubra agora