Part 22

134 17 0
                                    


လေးညှို့ရှင်

အပိုင်း (၂၂)

08141247

#လေးညှို့ရှင်

"အား..."

ပင်လယ်ကြီးကို ကြည့်ပြီး အသံကုန် အော်ပစ်လိုက်ကာ ဒူးထောက်ထိုင်ချလိုက်သည်။

ကမ်းခြေမှာ ခြေကုန်လက်ပန်းကျလောက်အောင် ကို ပြေးခဲ့ပြီးပြီ..။

အလင်းရောင်သာ ရှိနေပြီး နေထွက်မလာသေးချိန်မို့ လေညှင်းတွေက အေးစက်နေသည်။

အမြင့်ပေါ်က တစ်ခုတည်းသော အိမ်ရဲ့ မီးရောင်ကို ခပ်ပျပျ မြင်ရတော့ ရင်ထဲက နာကျင်သည်။

ချောမောခန့်ငြားသည့် ယောက်ျားတစ်ယောက်နဲ့ အိပ်ခန်းတစ်ခုကို ဘယ်လို ခွဲဝေသုံးမလဲ မတွေးချင်..။

လည်ချောင်းတစ်လျှောက် ခြောက်သွေ့ ကွဲအက်သွားသလိုသာ ခံစားရပြီး ကျော်လင်းကို သတိရသည်။

သူ မျှော်လင့်ချက်ပေးခဲ့တဲ့ ယောက်ျားတွေ ကိုယ် တစ်ယောက်တည်း မဟုတ်ဘူး ထင်ပါရဲ့..။

ဘယ်နေရာ ဘယ်ဒေသ မှာ ဖြစ်ဖြစ် သူ  နေချင်သလိုနေ တွဲချင်တဲ့သူနဲ့ တွဲမှာပါပဲ..။

ဝန်ထမ်း ဆိုတာ မမေ့နဲ့ လို့ သတိပေးရင်း ပင်လယ် ကို ငေးကာ ငြိမ်သက်နေမိသည်။

စိတ်ထဲ အတော်လေး ပြင်ဆင်ပြီးတော့မှ လှေကားတွေကို ပြန်တက်လာခဲ့လိုက်သည်။

".........."

အိမ်ထဲ ရောက်လာချိန် ဧည့်ခန်းမှာ အလှထားသည့် အဝေးကြည့်မှန်ပြောင်းဖြင့် နွံဆိုတဲ့သူ အလုပ်ရှုပ်နေပြန်သည်။

  ကိုယ်နှင့်မဆိုင်တဲ့ကိစ္စမို့ မီးဖိုခန်းကို သာ ၀င်လာခဲ့လိုက်သည်။

မနေ့က ကိုယ်တိုင် ပင်ပန်းခံပြီး ချက်ထားမိတဲ့ ဟင်းတွေကို လွင့်မပစ်ရက်လို့ မိုက်ခရိုဝေ့ထဲ ပြန်ထည့်လိုက်သည်။

ကော်ဖီဖျော်စက်ကို တွေ့တော့မှ ကော်ဖီ ဖျော်ဖို့ သတိရတော့သည်။

ကော်ဖီစေ့နည်းနည်း ယူလိုက်ချိန် မနေ့က အကြောင်းတွေ မတွေးပဲ ပေါ်လာတော့ မျက်ခုံးတွန့်၍ ရှေ့ကို လှည့်ကြည့်မိသည်..။

လေးညှို့ရှင် Where stories live. Discover now