"သားတော် လီချင်း ထုတ်ကြည့်ပါဦး"
အိမ်ရှေ့စံ ဓားကို အားနဲ့ ဆွဲထုတ်လိုက်သည်။
"ချွမ်း"
ဓားက ကျွတ်ထွက်လာသည်။ ဓားက သာမာန်ထက် အနည်းငယ် ပိုလှသည်မှ လွဲ၍နဲ့ ဘာမှ ထူးဆန်းတဲ့ဓားလို့ မထင်ရပေ။ ဓားအိမ်၏ ကိုယ်ထည်က လက်ရာမြောက်ပြီး အစွန်းမှာ အခက်လေးတွေ ပါသည်။ စုန်လီချင်းက ဓားကို ပြန်ထည့်လိုက်ပြီး မင်းကြီးထံ တရိုတသေ ပြန်ပေးလိုက်သည်။"ဟာ" .. "အို" "အိမ်ရှေ့စံ က ဆွဲထုတ်နိုင်တယ်"
"ငါတို့တိုင်းပြည်ရဲ့ အိမ်ရှေ့စံ ပီသပါပေတယ်"
"သိုင်းပညာအဆင့်ချင်းတူတာတောင် မင်းသားတစ်က ထုတ်မရဘူးနော်"
"အေးနော် ဘာလို့ပါလိမ့်"
"အိမ်ရှေ့စံရဲ့ သိုင်းပညာက ပိုမြင့်တယ် ထင်တယ်"
"ဖြစ်နိုင်တယ်"
"ဒါပေမယ့် ဓားက ရိုးရိုးပါပဲ ဘာမှသိပ်ထူးဆန်းပုံလည်း မရဘူး" "ဟုတ်တယ်နော်"အမှန်တကယ်မှာတော့ အိမ်ရှေ့စံက စိတ်သန့်စင်လို့ ဓားထုတ်လို့ရတာ ဖြစ်သည်။
"ရှောင်အိုက် .. သားတော်ရိမင် ထုတ်ကြည့်ပါဦး .. "
စုန့်ရိမင် ဓားကို အသာအယာပဲ ဖြေးဖြေးချင်းဆွဲထုတ်လိုက်သည်။ သတ္တုသံ တိုးတိုး ကြားရပြီးနောက်မှာ ခရမ်းရောင် အလင်းတန်း တခုက စုန့်ရိမင်ကို လွှမ်းခြုံသွားသည်။
"ဝိုး .. အလင်းတန်းက လှလိုက်တာ"
"ဒါ သခင်လို့ သတ်မှတ်လိုက်တာလား"
"အခက်တွေက ပိုလှလာသလိုပဲနော်"
"စောစောက ဓားရော ဟုတ်ရဲ့လား"
"ဟုတ်တယ် အရှိန်အဝါလည်း မတူသလိုပဲ"ခရမ်းရောင် အလင်းတန်းနှစ်ခု စုန့်ရိမင်ကို ခဏတာ လှည့်ပတ်ပြီးနောက် ဓားကိုင်ထားတဲ့လက်ခုံပေါ်ကို တိုးဝင်ပြီးပျောက်ကွယ်သွားသည်။
"ဆန်းကြယ်လိုက်တာ"
"ဒီနေ့ အံ့ဩမှုတွေ ပြီးဦးမှာလား"
YOU ARE READING
The Stranger I love (System)
General Fictionလမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအော်ဟစ်နေသည် ... Qing Yan: "ဖေးရဲ့ မင်းထပါဦး .. ဖေးရဲ့ သတိထားပါဦး မင်း အရမ်းရက်စက်တာပဲ .. ပြောတော့ ငါ့ကို မင်းရဲ့အချိန်တွေ ပေးမယ်ဆို .. ဒီ...
Arc 2.7
Start from the beginning