" ကျွန်တော် King မဖြစ်ခဲ့ရင်လည်း ဆူဖို့ မစဥ်းစားနဲ့ ပြိုင်ချင်လွန်းလို့ ဝင်ပြိုင် တာ မဟုတ်ဘူး။ "

လှည့်ပင် မကြည့်ဘဲခပ်ပြတ်ပြတ်ပြန်ပြောတော့ စီနီယာ Taemin က သူရယ်နေကြ စတိုင်လ်အတိုင်း ခနဲ့သလို ရယ်ကာ

" Taemin တို့က မပိုင်ရင် ခြင်တောင်မရိုက်ဘူး...
ချာတိတ်လေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီအပြင်
လူပျိုတိုင်းခိုက်တဲ့ နှင်းဆီပင်လေး ဖြစ်နေတာ မသိဘူးလား ....အခုတောင် ချာတိတ်လေး ဖုန်းနံပါတ်လိုချင်လှပါတယ် ဆိုပြီး ဝိုင်းပြောနေလို့ မဲထည့်ပေးရင် ပေးမယ်ဆိုပြီး ပြောလာတာ ဟားဟား "

Jimin ၏ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ကြည့်ပါလား။အဲ့တာမျိုးတွေကြောင့် စီနီယာ Taemin ကို အကျင့်မကောင်းဘူးလို့ပြောတာ။

" တော်​တော် အားကိုးရတဲ့ စီနီယာပါဗျာ
ဒီက လူက​တော့ ရောင်းစားခံရတော့မှာဘဲ "

Jimin က မျက်စောင်းလှလှ တစ်ချက်ဖြင့် ကြည့်ကာ ပြန်ဖြေသည်။ဒီလိုကြတော့လဲ ကောင်လေးတွေ Jimin ကို သဘောကျသည်ဟူသော အချက်မှာ ငြင်းဖွယ်ရာမရှိ။ခုနက မျက်နှာပေးက်ို ကြည့်ရင်း Taemin ကိုယ်တိုင်ပင် တစ်မျိုးတစ်မည် ခံစားသွားရသည်။

" ငါတ်ို့ Jimin လေးက King ဖြစ်ကိုဖြစ်မှာဘဲ
Online voting မှာနော် အပြတ်အသတ်ဘဲရယ်
Taemin နင်ကသာ စလွယ်လွဲပေးဖို့ နည်းနည်းပါးပါး ဖြီးလိမ်းအုံး စုတ်ပြတ်နေတာဘဲ "

Jimin တို့ မေဂျာမှ အလှဆုံးဟု သတ်မှတ်လို့ရသော စီနီယာအမက Jimin ၏ နှာခမ်းဖူးလေးကို
အနည်းငယ် ပန်းရောင်သန်းစေလို့အငှာ လာဆိုးပေးရင်း ဘေးမှာ ထိုင်နေသည့် Taemin ကို စနေသည်။

" အမယ် ပြောရက်လိုက်တာဗျာ First year
တုံးကဖြင့် ဒီရုပ်လေးကိုဘဲ သည်းသည်းလှုပ်ခဲ့ကြတာ မဟုတ်လား"

Taemin ကလည်း ဆတ်ဆတ်ထိမခံပြန်ပြောသည်။

" အဲ့တုံးက ငါတို့ မျက်စိအားမကောင်းခဲ့ကြဘူးထင်တယ် "
စ်ီနီယာအမက ချက်ချင်းပြန်ပြောလေသည်။
ဝါးဟားဟား
ဘေးကလူတွေကမလည်း ဝိုင်းရယ်ကြသည်။ဒီလို ကြတော့လည်း Jimin လည်း စိတ်သက်သာရပါသည်။
အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့မို့ စိတ်ကို လျော့ထားပြီး ပဲပေးရမည့် ပိုစ့်မျိုးစုံကိုသာ စဥ်းစားနေမိသည်။တစ်အောက်လောက်နေတော့ အစီအစဥ်စတင်တော့မည် ဖြစ်၍ selections တွေ အုံအုံကြွကြွ ဖြစ်လာသည်။

Your Eyes Tell Where stories live. Discover now