💜 S3 EP - 20 💜

Start from the beginning
                                    

ပြောပြီးခဏမှာ ထိုလူက ငွေရှင်းပြီး ကားဆီအရောက်တွင် ..

" ကျွန်မဝင်စရာလေးရှိလို့ .. ရှင် အရင်ပြန်နှင့်လိုက်ပါ "

" ဘယ်သွားမှာလဲ တတ်လေ ကိုယ်လိုက်ပို့ပေးမှာပေါ့ "

" ရတယ် လိုက်မပို့နဲ့တော့ ကျွန်မသူငယ်ချင်းဒီကိုလာနေပြီ .. နေ့လည်စာအတွက်ကျေးဇူးပါ .. ကျွန်မပြန်ရောက်မှ ဖုန်းဆက်လိုက်မယ် "

" Okay အဲ့တာဆို ကိုယ်ပြန်နှင့်မယ် .. "

ထိုလူကားမောင်းထွက်သွားတာနဲ့ သူမ မျက်နှာမှာ စောနကလိုဟန်ဆောင်နူးညံ့အပြုံးဆိုတာမရှိတော့ပဲ .. လှောင်ပြုံးနဲ့အတူ စားသောက်ဆိုင်ရဲ့ Demon တို့ ရှိနေတဲ့စားပွဲဆီပြန်ဝင်လာတော့သည် ။

* နင့်လိုကောင်က Demon ကို ကွေးအောင်လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာလား .. *

( A/N တို့နှိုင်းလေးမလုပ်ခင်တည်းက Demon ကြီးက ကွေးနေပြီးသားပါ 😂 )

>>>>>>>>

" အချစ် ဘာထပ်မှာဦးမလဲ .. ကျွန်တော်မှာထားတာတွေက အဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ်မောင်ရဲ့ .. အားလုံးက ကိုယ့်အကြိုက်တွေဖြစ်နေလို့တောင် ခက်နေတာ "

နှိုင်း ရဲ့ ကလေးဆန်ဆန်အပြုံးစကားလေးကြောင့် Demon အတွက် နေ့လည်စာထွက်စားတာမှန်တယ်လို့ တွေးလိုက်သည် ။

Demon က ထိုသို့လူများတဲ့နေရာတွေဆိုမုန်းတယ် .. ဒါက အရမ်းစိတ်ရှုတ်ဖို့ကောင်းတာမို့ ပို၍စိတ်ပျက်သည် ။

ဒါပေမယ့် ပထမဦးဆုံးအကြိမ်အဖြစ် သူ့အချစ်ကလေးနဲ့ ထွက်စားတာရဲ့ ခံစားချက်က အဲ့လောက်မဆိုးပါဘူး ။

" အချစ်မနက်ဖြန်ကျရင် ဘာအစီစဥ်ရှိလဲ "

" မနက်ဖြန်ကျရင် ကိုယ့် C မြို့မှာရှိတဲ့ ဓာတ်ပုံပြခန်းအခွဲကို သွားစစ်ဆေးရမယ် "

" C မြို့ထိလား .. တစ်ယောက်တည်းသွားရမှာလား "

" မဟုတ်ဘူး မောင်ရဲ့ .. ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ကိုယ့်အတွင်းရေးမှူးရောပါတယ် .. အော် နောက်ထပ် Miss Suzan ရောပေါ့ .. အတိကျတော့ မသိသေးပါဘူး "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now