"ဟက် .. လူကို လက်ထပ်လည်း မယူနိုင်ပဲနဲ့လေ.. "

စုန့်ရိရန်ခေါင်းထဲ ပိုင်လင်းအရိပ်များ ပြေးသွားသည်။ စရောက်လာတုန်းက အေးအေးဆေးဆေးသာ အိမ်တော်မှာ နေခဲ့တဲ့အပြင် အိမ်မပြင်တောင် တလှမ်းထွက်ခဲ့တာမဟုတ်။ သိရသလောက် ငယ်စဉ်ကတည်းက တခါမှ အိမ်က ခွါဖူးတာမဟုတ်ပဲ သူစိမ်းအိမ်မှာ လာနေရတာ တယောက်တည်း အားငယ်ပြီး အထီးကျန်ခဲ့မှာပဲ။

လက်ထပ်ဖို့ ရည်ရွယ်လာတဲ့သူက အခြားသူတစ်ဦးနဲ့ တရင်းတနှီးရှိနေတဲ့အပြင် ထိုလူ(ချန်ကျစ်မေ)ကပါ ဆူပူ ကြိမ်းမောင်းခြောက်လှန့်ပြီး နောက်ဆုံး ဓားနဲ့ပါ ထိုးခဲ့သေးသည်။ ပိုင်လင်း ပြောင်းလဲသွားတာ မထူးဆန်းပေ။ ဘယ်လောက်ပဲ အားနည်းနေဦးတော့ လူတိုင်းကိုယ့်အသက်ကိုတော့ တန်ဖိုးထားကြမှာပင်။

ဖခမည်းတော် ငြိုငြင်မှာ စိုးတာကြောင့် ပိုင်လင်းကို
မငြင်းခဲ့ပေမယ့် ချန်ကျစ်မေကို အလေးသာတဲ့စိတ်ကြောင့် ချန်ကျစ်မေ လုပ်သမျှ ပြောသမျှ အပြစ်မမြင်ပဲ လက်ခံပေးခဲ့သည်။ ချန်ကျစ်မေ ပြောခဲ့သလို အရာရာနိမ့်ကျတဲ့ ကောနဲ့ လက်ဆက်ပေးလို့တောင် ဖခင်မင်းကြီးကို အပြစ်မြင်ခဲ့သေးသည်။ ခုလေ့လာကြည့်တော့ ပိုင်လင်းက နိမ့်ကျတာမဟုတ်ပဲ နှိမ့်ချ နေထိုင်တတ်တာပင်။ မျက်နှာက အရုပ်ဆိုးပေမယ့်လို့ပေါ့။

ပိုင်လင်း ဝေါပေါ် အထုပ်အပိုးတင်လိုက်ပြီး လှည့်ကာ ရယ်ချင်သော လေသံဖြင့် "မင်းသား စိတ်ချပါ .. ပိုင်လင်းက မင်းသားရဲ့ချစ်သူလို အောက်တန်းကျတဲ့ အလုပ် မလုပ်တတ်ဖူး.. ဒါပေမယ့် နှုတ်ပိတ်ခ အနေနဲ့ လိုချင်တာတခု ပြန်လုပ်ပေးရမယ် .. အဲ့လိုဆို အိမ်ပြန်လို့ ရပြီလား"

စုန့်ရိရန် ကူကယ်ရာမဲ့စွာ ခေါင်းသာညိတ်လိုက်နိုင်သည်။ ဟုတ်တယ် သူ့အခြေအနေက ပေးမသွားလို့လည်း တားနိုင်တာမှ မဟုတ်တာ။ ပိုင်လင်းက မင်းကြီးဆီကလည်း ခွင့်ရထားပြီးသား။ သူနဲ့ လက်ထပ်ရသေးတာလည်း မဟုတ်ဖူးလေ။ အစောင့်တသိုက်နဲ့ ပြန်သွားသော ပိုင်လင်းတို့ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူ့ချစ်သူက ပိုင်လင်းကို မုန်းသလို ပိုင်လင်းကလည်း သူ့ချစ်သူကို အမြင်စောင်းနေပြီ။ ဒါတွေအားလုံက သူစီမံတာ ညံ့လို ဖြစ်ရတာ။
———————

The Stranger I love (System)Where stories live. Discover now