Part -23

11.8K 1.2K 86
                                    

”David ခင်ဗျား Haven မှာ စစ်ဖြစ်တုန်းက
ဝင်တိုက်ခဲ့ဖူးလား ”

ကိုမေးလိုက်တော့ သူ Game ဆော့နေတာလေးရပ်
သွားပြီး ကို့ ဘက်ကို လှည့်လာတယ်

”ငါတခါကြုံဖူးတယ် အဲ့တခါ မှာပဲ ငါ့ကို ကာကွယ်
ပေးတဲ့ လူတစ်ယောက်သေသွားရတယ်လေ
ငါညတိုင်း သူ့ကို ကောင်းကင်ပေါ်ရောက်ပါစေ
လို့ ရေရွတ်မိတယ် ”

David အပြောကြောင့် ပြုံးလိုက်မိတယ်
အနည်းဆုံးတော့ သူ့ကို မှတ်မိနေသေးတာ
ဝမ်းသာမိတယ်

”သူ့နာမည်က ဘယ်သူလဲ ”

”နာမည်လည်း မသိဘူး ရုပ်လည်း မသိပါဘူး
ကွာ သူက သာ အသက်ပေးပြီး ကာကွယ်
သွားတာ ငါက သူ့ကို သေချာတောင်
မသိလိုက်ရဘူး ဒါနဲမင်းက ဘာလို့မေးတာလဲ ”

”ဘာရယ်မဟုတ်ပါဘူး သိချင်လို့ ”

ကို လည်းဆက်ပြီး Game ကို ပဲ အာရုံစိုက်လိုက်တယ်
သူသိသင့်တဲ့ အခါကျရင်တော့ ပြောပြမှာပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့တော့ အားလုံးပင်ပန်းထားတာကြောင့်
သားသားတို့ကော Angel ကော
အားရှိအောင် အမဲသားစွပ်ပြုတ်နဲ့
အမဲသားကင် ချက်ခိုင်းထားလိုက်တယ်

ကျောနာတယ်လို့ အော်တဲ့ကလေးငယ်က မှောက်ရက်ကို မှ ကုတင်အပြည့်ကို
နေရာယူအိပ်နေလေရဲ့

”အသဲလေး ကို့ကလေးလေး ပုစိကွေးလေး
ခွေးပေါက်လေး ကြောင်ပေါက်လေး
Angel လေး အချစ်လေး အကောင်ပေါက်လေး
ထတော့ ”

(အေနင်ခေါ်လိုက်တာကုန်ပြီနာမည်တွေ)

ကျောလေးပွတ်နိုးတော့ အသေးလေး က
ဝူးဝူးဝါးဝါးသာပြောပြီး ပြန်အိပ်လေရဲ့

”အမဲစွပ်ပြုတ် ချက်ထားတာ မစားဘူး
ဆိုလည်းရပါတယ်လေ ”

အဲ့ကျတော့မှ ငုတ်တုတ်ထထိုင်တဲ့လူဆိုးလေး

”Daddy စားမယ် Angel နိုးပြီ
သူများကို မကျွေးနဲ့တော့နော် ”

သူများကိုကျွေးမှာဆိုးလို့ စိတ်ပုပ်ပြီး အသာကုန်
ကုန်းရုန်းထနေလေရဲ့

Hoddie အကြီးကြီးနဲ့ ကုတင်ပေါ်
ကပြေးဆင်းသွားတာ အခန်းပေါက်ဝတောင်
ရောက်နေပြီ ကျွန်တော် မှာ သူ့နောက် အပြေး
လိုက်နေရတယ်

Demon's Angel S-1 (U & Z) Where stories live. Discover now