Part -22

11.1K 1.2K 38
                                    

အရုပ်သွားယူပြီး ပြန်လာတဲ့ ကလေးငယ်က
ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ပုံ......

ကျွန်တော်သူရှေ့မှာ ဒူးထောက်မိငိုကျွေးမိတယ်

”Angel သူ့ကိုရွေးချယ်လိုက်ပြီထင်တာ ”

ရင်ထဲ က ​ဖြစ်တည်လာတဲ့နာကျင်မှု
လက်လွှတ်ရမှာကြောက်တဲ့ အကြောက်တရား
ဆုံးရှုံး ရပြီလို့ တွေးလိုက်မိတော့ တုန်လှုပ်မိတယ်

မတ်တပ်ရပ်နေတဲ့ သူလေးရဲ့ လက်နှစ်ကို
ကိုင်ပြီး သူ့ရှေ့မှာ ဒူးထောက်ပြီး ငိုမိတယ်

ကျွန်တော် ငိုတာတွေ့တော့ Angel လေးကလည်း
မျက်ရည်တွေကျလာတယ် ကျွန်တော့်လိုပဲ ဒူးထောက်ပြီး

”Angel Daddy ကိုမတွေ့ရတော့ဘူး
လို့ သူတို့ပြောတယ် ”

Angel လည်း သူ့ကို ထားခဲ့မှာသေအောင်ကြောက်
နေတာပဲ
Lewis နဲ့ David လည်း မျက်ရည်တွေနဲ့
Angel က Lewis ကို
လက်ယှက်ပြီး လမ်းခေါ်တယ် အနားလည်းရောက်
လာကော သားသားခေါင်းကို ရင်ခွင်ထဲထည့်လိုက်
ပြီး ဆံပင်လေးတွေကို သပ်ပေးနေတယ်

”အကောင်ပေါက်ကို မတွေ့ရတော့ဘူး
ထင်နေတာ ”

သားသားက လည်း သူ့ပါးပါး ရင်ခွင်သေးသေးလေး
ထဲမှာ ငိုနေခဲ့တယ်
သူတို့မျက်ရည်တွေ ကျခဲ့ရတယ် ဒါပေမဲ့
တစ်ယောက်ကို တစ်ယောက်ဘယ်လောက်ချစ်လဲ
ဆိုတာ ပေါ်လွင်သွားတယ်လေ

”Angel ဘယ်လိုသိတာလဲ အမှန်ကို ”

”သူ့မျက်လုံးတွေက Daddy မျက်လုံးလိုမှ
မလှတာ ”

အသေးလေး လူကို အကုန်အလွတ်မှတ်ထားတယ်
သူ့ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲ သွင်းတော့
ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး

”Lucas ပေါက်စ ကိုအတောင်ပံတွေပြန်တပ်
ပေးရအောင်လေ ”

ကျွန်တော် တို့အကုန်လုံး Angel ရဲ့အတောင်ပံတွေရှိတဲ့ အခန်းကို လာခဲ့လိုက်ကြတယ်
Angel က သူ့အတောင်ပံတွေကိုလည်းတွေ့ကော
ပျော်နေတယ်

မီးခိုရောင်အတောင်ပံလေးကအတော်လှတယ်
ပြီးတော့ နူးညံနေတာပဲ

ပျော်နေတဲ့သူ့ကို ကျွန်တော်ကြည့်ပြီး ကြည်နူးမိတယ်
အတောင်ပံတွေက ပိုင်ရှင်ကို တွေ့သွားတော့
ချက်ချင်းပဲလန်းဆန်းလာတယ်
ပြီးတော့ သူ့ပိုင်ရှင်စီရောက်လာတော့တယ်
အတောင်ပံနဲ့ Angel လေးကတကယ်လှလွန်းတယ်

Demon's Angel S-1 (U & Z) Where stories live. Discover now