Part -10

14.9K 1.4K 62
                                    

မိုးမလင်းသေးဘူး ဘေးက ပွစိပွစိ အသံတွေကြောင့်
ကျွန်တော်မျက်လုံးဖွင့်လိုက်တော့ Angel
သားလေးနဲ့ဆော့နေတာ ပဲ

သာလေးက တကယ့်ကို လိမ်မာတယ် မနေ့က
တချက်သာငိုပြီးအခုထိထပ်မငိုတော့ဘူး
Angel က သားလေးကို မနေ့က ကျွန်တော်
သူ့ ပေါင်ပေါ်တင်ပေးသလို တင်ထားပြီး
ယက်ကန်ယက်ကန်ဖြစ်နေတဲ့ သားသားရဲ့
လက်လေးတွေကို ဆွဲဆွဲ ပြီးနမ်းနေတာ.....

"Angel ဘယ်တုန်းကတည်းကနိုးနေတာလဲ"

အဲ့ကျတော့ မှ သားသားနဲ့ဆော့နေတာရပ်ပြီး
ကျွန်တော့်ဘက်ကိုလှည့်ကြည့်လာတယ်

"ခုနက မှ ဒီအကောင်ပေါက်လေးက
ရင်ဘတ်ကို ကိုက်လို့ "

မနေ့ကမှမွေးတဲ့သားလေးက သွားတောင်ပေါက်
တော့မှာလား သားသား ရဲ့ ကြီးထွားနှုန်းကို
ကြည့်ပြီး ကျွန်တော် ကျေနပ်တယ်

"အဲ့တာဗိုက်ဆာလို့လေ Angel ရဲ့ "

မျက်မှောင်ကုတ်ပြီးစဥ်းစားလိုက် ပြီးတော့
ပေါင်ပေါ်က သားသားကို ပြန်ကြည့်လိုက်နဲ့

"အဲ့တာဆို သွားစားမယ်လေ "

ပေါင်ပေါ် က သားသားကို မနိုင်မနင်းချီပြီး အိပ်ရာပေါ်ကဆင်းသွားလေ ရဲ့

ချိန်းကြိုးတန်းလန်းနဲ့ ရှေ့ကနေ ကလေးချီပြီး
ကော့တော့ကော့တော့ နဲ့ ဝတ်ထားတဲ့အဝတ်ကလည်း
ကြီးနေတဲ့အပြင် ကလေးကလည်းတဖက်နဲ့
ဆိုတော့ ကလေးကို ကလေးထိန်းခိုင်းထားသလိုပဲ

စားသောက်ဆောင်ရောက်တော့ Angel က သားသား
ကိုလက်ထဲကမချဘူး

"Angel နို့တိုက်ရမယ်လေ သားသားက ဒါတွေ
စားလို့မရသေးဘူး "

နားမလည်သလို လူကိုကြည့်လာပြန်တယ်
ကလေးနို့တိုက်လို့ရအောင် သူဝတ်ထားတဲ့ shirt ကို
ကြယ်သီးဖြုတ်ပေးလိုက်တယ်
ပြီးတော့ သားသားကို နို့စို့လို့ရအောင်
အနေအထားပြင်ပေးလိုက်တော့
နို့ဆာနေတဲ့သားသားက နို့တမ်းစို့တော့တာပေါ့

သူ့ရင်ခွင်ထဲမှာ ပါးစပ်လှုပ်စိလှုပ်စိနဲ့ နို့စို့နေတဲ့
သားသားကို ကြည့်ပြီးအံသြနေတယ်
သူ့ကိုယ်ကနေ နို့ထွက်တယ်ဆိုတာ မယုံနိုင်ဖြစ်နေတာ

Demon's Angel S-1 (U & Z) Where stories live. Discover now