Part -1

51.9K 2.3K 308
                                    

"Hi Guy
Welcome to my Hell''

"Lucas ငါတို့ကို အခု ပြန်လွှတ်ပေး ''

အော်ဒီလူတွေနဲ့တော့ခက်ပါတယ် သူတို့ကို လွှတ်ပေး
ချင်မှ ဖြင့် ကျွန်တော်ကဖမ်းလာပါ့မလား ။

ကျွန်တော်က ကြိုဆိုနေတာတောင် သူတို့က
ငြင်းနေကြတယ် ဒီငရဲခန်းက ဒီလောက်
ပျော်ဖို့ကောင်းတာကို ဒီလူသားတွေက ဘာလို့
ဒီလောက်ကြောက်နေတာလဲ ။

လူသားတွေကို အဲ့တာကြောင့်ကျွန်တော် မကြိုက်တာ
သူတို့က စိတ်ပျက်ဖို့ ကောင်းလွန်းတယ် ။

"အခုချိန်အော်နေရင် နောက်ပိုင်းအော်ဖို့အားမရှိ
ဖြစ်မယ်နော် ''

"ငါ ဘာအမှားမှကြီးကြီးမားမားမလုပ်ထားပဲနဲ့
မင်းက ငါ့ကိုဖမ်းချုပ်တာလဲ ''

"ခင်ဗျား Venus ကို ဘယ်လိုစိတ်မျိုးနဲ့
ကြည့်လဲဆိုတာ ခင်ဗျား အသိဆုံးနေမှာပေါ့ ''

ကျွန်တော် ပြောလိုက်တော့မျက်စိမျက်နှာပျက်သွား
တာက ရီချင်စရာကောင်းတယ်။ သူက ကျွန်တော့်
Angel လေးကို ကုတင်ပေါ်
ဆွဲတင်ချင်တဲ့ အကြည့်နဲ့ ကြည့်တာလေ။

Demon တစ်ကောင်ကို သူလိမ်နေရတာမမောဘူးလား မသိဘူး။
သူ့အတွေးတွေကို ကျွန်တော်သိနေတယ်
ဆိုတာကို သူသိရက်နဲ့မသိချင်ယောင်ဆောင်နေတာလား ။

"ဘာလို့ ငါ့ရဲ့ Angel လေးကို
အဲ့လိုအကြည့်နဲ့ ကြည့်တာလဲ ဟမ် ''

"တောင်းပန်ပါတယ် ''

တဖြည်းဖြည်းဒေါသထွက်တာကြောင့်မျက်လုံး
တောင် အနီရောင်ကို ပြောင်းလာနေပြီ
သူကအခုထိတောင်းပန်နေတုန်းလား ။

"ခင်ဗျား ကို နောက် ထပ်မြင်ချင်
စိတ်မရှိတော့ဘူး ''

"Lucas မလုပ်ပါနဲ့ တောင်းပန်ပါတယ်ကွာ
နောက်တခါ အဲ့လိုမကြည့်တော့ပါဘူး ''

သူ့ကို ဥပမာ ပြဖို့ လက်ထဲကအရက် ဖန်ခွက်လေးကို
မြေပြင်ပေါ်လွှတ်ချလိုက်တယ် ။

"အဲ့ကွဲသွားတဲ့ ခွက် ကို ခင်ဗျား တောင်းပန်ကြည့်ပါလား အကောင်းအတိုင်းပြန်ဖြစ်မလားလို့လေ ''

"မ​ဖြစ်ဘူး မလား အဲ့တာဆို တောင်းပန်ပါတယ်
ဆိုတဲ့စောက်စကားကိုလွယ်လွယ်မသုံးနဲ့ "

Demon's Angel S-1 (U & Z) حيث تعيش القصص. اكتشف الآن